News

POST TAGGED AS

မျိုးကိုကိုစန်း

နာမည်ကြီး မိန်းမလျာ အလှမယ် မျိုးကိုကိုစန်းကို အမှုမခိုင်လုံပဲ ဖမ်းဆီးစစ်ဆေးခံရမှုနှင့် ပတ်သက်၍ နစ်နာအောင် ပြုလုပ်ခဲ့သူက နိုင်ငံပိုင်သတင်းစာတွင် တစ်ပတ်အတွင်း တောင်းပန်စာ ဖော်ပြရမည်ဟု မျိုးကိုကိုစန်း၏ မိခင်က ပြောကြားလိုက်သည်။
အနုပညာရှင်များ၏ အကြောင်း ပုတ်ခတ်ရေးသားလေ့ ရှိသော Cele Cele Small Page အကောင့်ပိုင်ရှင် ကိစ္စနှင့် ပတ်သက်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခံခဲ့ရသူ မိန်းမလျာ အလှမယ် မျိုးကိုကိုစန်းက အများပြည်သူ အဖြစ်မှန် သိစေရန်နှင့် တရားမျှတမှု ရှိစေရန် ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီတွင် ဗိုလ်တထောင်မြို့နယ် Orchid Hotel ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။
အမှုမခိုင်လုံကြောင်း စီအိုင်ဒီ၏ ပြန်ကြားစာအရ ဆက်သွယ်ရေး ဥပေဒပုဒ်မ ၆၆ (ဃ) ဖြင့် ရန်ကင်းမြို့မ ရဲစခန်းတွင် ဖမ်းဆီးထားသော 2014 Miss International Queen Myanmar မျိုးကိုကိုစန်းကို ဇန်နဝါရီလ ၂၀ ရက် နံနက် ၇ နာရီက ပြန်လွှတ်ပေးခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။