News

POST TAGGED AS

မုံရွာ

မိုးရာသီကာလတွင် မော်တော်ယာဉ်များ သွားလာရအလွန်ခက်ခဲပြီး ပွင့်လင်းရာသီ၌သာ သွားလာနိုင်သည့် မုံရွာ - ယာကြီး - ကလေးဝလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို အိန္ဒိယနိုင်ငံက ၂ နှစ်ခွဲအတွင်း အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း လမ်းဦးစီးဌာန ညွန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်ဦးက ပြောကြားသည်။
31-Dec-2017 tagged as မုံရွာ
မုံရွာမြို့တောင်ဘက်အဝင် မုံရွာ-မြင်းမူ လမ်းပိုင်းလမ်းကြေး ကောက်ခံသည့် ရွှေတောင်တိုးဂိတ်တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်မှစ၍ ၁၁ နာရီ ကျော်အထိ ကားငယ်နှစ်စီး ရပ်တန့်ထားမှုကြောင့် နာရီပိုင်းကြာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့ခံများထံမှ သိရသည်။
27-Dec-2017 tagged as မုံရွာ
ပြည်တွင်း ဘုရားဖူးအများဆုံးသွား ရောက်လေ့ရှိသည့် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင်းရှိ အလောင်းတော် ကဿပ ဘုရားဖူးလမ်းကို လာမည့်ဇန်နဝါရီလ ၇ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကနီမြို့နယ် အထွေထွေ ဦးစီးဌာနထံမှ သိရသည်။
20-Dec-2017 tagged as မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ရှေးဟောင်းလိုဏ်ဂူမှ ရှေးဟောင်း အမွေအနှစ်များကို တရုတ်နိုင်ငံသို့ ခိုးထုတ်နေသည်ဟူသောပို့စ်ကို လူမှုကွန်ရက်ပေါ် တင်ခဲ့သူသုံးဦးကို တရားစွဲဆိုထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။
17-Dec-2017 tagged as မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ သစ္စာလမ်းသွယ်ရှိ တက္ကသိုလ် ကျောင်းသားများ ငှားရမ်းနေထိုင်သော ဘော်ဒါဆောင်တစ်ခုတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီခွဲကျော်က တက္ကသိုလ် ကျောင်းသား အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ကျောင်းသားတစ်ဦး ဓားထိုးခံရ၍ သေဆုံးခဲ့ကြောင်း အမှတ်(၂)နယ်မြေ ရဲစခန်းထံမှ သိရသည်။
မုံရွာမှာ ရုံးစိုက်တဲ့ ပြန်ကြားရေးအရာရှိက သမိုင်းဝင်ရေနံမြေအလုပ်သမား အရေးတော်ပုံမှာ နာမည်ရတဲ့ သခင်အုန်းဖေကြီး၊ သူက အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ပြည်တော်သာစီမံကိန်းအကြောင်းကို သူဟောရင် ရွာသားတွေ ဂရုတစိုက်နားထောင်ကြပါတယ်။
ရွာတွေမှာ ချစ်စရာကောင်းတဲ့ ရွာဓလေ့တစ်ခုက မိမိတို့ရွာကို ပြင်ပဧည့်ကောင်း တစ်ဦးတစ်ယောက်လာရင် မနက်ပိုင်း ထမင်းစားချိန်တန်ရင် နီးစပ်ရာအိမ်တွေက သူတို့ချက်ထားတဲ့ဟင်းလျာများပို့ပြီး ဧည့်ခံကြပါတယ်။ ညပိုင်းမှာ ရွာထဲဝင်ရင်တော့ ရွာဝင်လမ်းမ တစ်ဖက်တစ်ချက်ရှိ အိမ်တွေကလည်း ရေနံဆီမီးခွက်၊ ဖန်မီးအိမ် (မှန်အိမ်)၊ (တုတ်မီး) လက်နှိပ်ဓာတ်မီးနဲ့ ကိုယ်စီလမ်းပြပေးကြပါတယ်။
11-Dec-2017 tagged as မုံရွာ
တရုတ်နိုင်ငံမှ ဝင်ရောက်လာသော စောင်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဘာကူစောင်လုပ်ငန်းများသည် ယခုအခါ ဈေးကွက်ပျောက်လျက်ရှိနေပြီး စောင်လုပ်ငန်းရှင်များ ခက်ခဲစွာရပ်တည်နေရကြောင်း မုံရွာမြို့ ချည်ထည်လုပ်ငန်းရှင်များအသင်းထံမှ စုံစမ်းသိရှိရသည်။
09-Dec-2017 tagged as မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ကြက်သွန်ပျိုးခင်းများတွင် မျိုးကြက်သွန်ဥကြီးများ၊ ကြက်သွန်ပျိုးပင်ငယ်များကို ခိုးယူခံရ၍ တောင်သူများ ညအိပ် စောင့်နေရကြောင်း ကြက်သွန်စိုက် တောင်သူများထံမှ သိရသည်။
29-Nov-2017 tagged as မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် မြို့နယ် အောင်မိုးကျေးရွာမှ တောင်သူ ၁၀ဝ ခန့်က နိုဝင်ဘာလ ၂၉ရက် မွန်းလွဲပိုင်း တွင် တပ်သိမ်းမြေများပြန်ရရေး ဆန္ဒထုတ် ဖော်ခဲ့သည်။