News

POST TAGGED AS

မုံရွာ

မုံရွာမြို့ပေါ်ရပ်ကွက်များတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲများကျင်းပနေရာတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က သပြေအေးရပ်ကွက်ရှိ ရာအိမ်မှူးရွေးချယ်ပွဲတွင် အရွေးချယ်ခံမည့် ရာအိမ်မှူးလောင်းနှစ်ဦးအနက် တစ်ဦးမှာ အချိန်မီရောက်ရှိလာခြင်းမရှိ၍ ယင်းပွဲမှ ပယ်ခဲ့ကြောင်း သပြေအေးရပ်ကွက် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
တိုင်းလွှတ်တော် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မြေသိမ်းဆည်းခဲ့သည်ဟုဆိုကာ မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်နေထိုင်သည့် ဒေသခံများက လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
မုံရွာမှ ကလေးမြို့သို့ ထွက်ခွာလာသည့် အောင်ကမ္ဘာယာဉ်လိုင်းမှ ခရီးသည် တင်ကားတစ်စီးသည် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ဒီပဲယင်းမြို့အဝင်တွင် လမ်းဘေးထိုးကျပြီး သစ်ကိုင်းနှင့် အမိုးကိုင်းချိတ်ပါခဲ့ခြင်းကြောင့် ခရီးသည်ခုနစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒီပဲယင်းမြို့ သဗ္ဗသုခ လူမှုကူညီရေးအသင်းထံမှ သိရသည်။
19-Jan-2018 tagged as ရေယာဉ် မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်အလိုက် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီများကို အစိုးရဌာနဆိုင်ရာများဖြင့် ပါဝင်ဖွဲ့စည်းလျက်ရှိကြောင်း မုံရွာမြို့နယ် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီထံမှ သိရသည်။
မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်အတွင်း ဆိုင်ကယ်အပါအဝင်ပစ္စည်းများ လိုက်လံခိုးယူနေသူများကို ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေခံရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
15-Jan-2018 tagged as မုံရွာ
အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ အလောင်းတော်ကဿပ ဘုရားဖူးလာပါက ဥယျာဉ်ရှိ သပိတ်ဆေးကားစခန်းတွင်သာ ယာဉ်ကိုရပ်နားခဲ့ရပြီး ယင်းကားဝင်းမှတစ်ဆင့် အလောင်းတော်ကဿပ စံကျောင်းတော်ရှိရာ တစ်မိုင်ခန့်အတက်၊ အဆင်းခရီးကိုမူ ခြေလျင်ဖြင့်သော်လည်းကောင်း၊ ဆင်စီး၍သော်လည်းကောင်း လာရောက်လည်ပတ်နိုင်ပေသည်။
ဟုမ္မလင်းမြို့နယ်၊ နောင်ခမ်းအုပ်စု၊ ခေါက်ငိုးကျေးရွာ အနောက်ဘက်တောအုပ်အတွင်း ဇန်နဝါရီလ ၄ ရက်နေ့က မူးယစ်ဆေးဝါး ရောင်းချနေသူနှစ်ဦးကို သွားရောက်ဖမ်းဆီးရာတွင် အမျိုးသားတစ်ဦးမှာ ထွက်ပြေးရာ၌ ချောက်ထဲကျပြီး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
02-Jan-2018 tagged as မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ တောင်ဘက်အဝင် လမ်းအသုံးပြုခ ကောက်ခံနေသည့် ရွှေတောင်တိုးဂိတ်ကို ပြောင်းရွှေ့နိုင်ရန် ပြည်ထောင်စုအစိုးရ၏ ဆုံးဖြတ်ချက် လိုအပ်နေသေးသည့်အတွက် မပြောင်းရွှေ့ခင်အချိန်တွင် မြို့ခံကားများကို အခမဲ့ သွားလာခွင့်ကတ် ထုတ်ပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်း ညွှန့်ဝင်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဘေးရှိ မင်းအို၊ အိုင်တောင်၊ မုဋ္ဌောနှင့် ငုတ်ချောင်းကျေးရွာလေးရွာရှိ အင်းများ တိမ်ကောလာသည့်အတွက် တောင်သူများ၏ စိုက်ပျိုးရေးတွင် ထိခိုက်မှုများရှိနေကြောင်း တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
မိုးရာသီကာလတွင် မော်တော်ယာဉ်များ သွားလာရအလွန်ခက်ခဲပြီး ပွင့်လင်းရာသီ၌သာ သွားလာနိုင်သည့် မုံရွာ - ယာကြီး - ကလေးဝလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို အိန္ဒိယနိုင်ငံက ၂ နှစ်ခွဲအတွင်း အပြီးလုပ်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း လမ်းဦးစီးဌာန ညွန်ကြားရေးမှူး (မြို့ပြ) ဦးမြင့်ဦးက ပြောကြားသည်။