News

POST TAGGED AS

မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဇီးတော၊ မောင်းတုံကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် အမေရေယဉ်ပွဲတော်ကို မတ်လ ၁ ရက်နေ့ (တပေါင်း လပြည့်နေ့) မှ စတင်ကာ ကျင်းပလျက်ရှိကြောင်း နန်းထိန်းများထံမှ သိရသည်။
27-Feb-2018 tagged as မုံရွာ သင်္ကြန်
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် မုံရွာမြို့ ချင်းတွင်းမြစ်ဘေးတွင် ဗဟိုမဏ္ဍပ်ထားရှိကာ ချင်းတွင်းသင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ် ပြီး အိန္ဒိယခရီးသွား ၁၀၀၀ ခန့် လာရောက်ရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်း လှိုင်က ပြောကြားသည်။
22-Feb-2018 tagged as မုံရွာ
ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးငယ် ၂၀၀ ခန့်ကို အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနိုင်ရန် စီစဉ်နေကြောင်း Poor Care Team မှ ဦးဆောင်ဆရာတော်က မိန့်ကြားသည်။
မုံရွာ - ရေဦးလမ်းပေါ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းက ဆိုင်ကယ်စီးလာသော လူငယ်နှစ်ဦးကို နောက်မှဝင်တိုက်ခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့သည့် ဆီသယ်ကားမှ ယာဉ်မောင်းဖြစ်သူကို ချောင်ဦးမြို့နယ်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
19-Feb-2018 tagged as မုံရွာ ဘုရား
မုံရွာမြို့နယ်၊ ခတက္ကန်တောင်ရွာရှိ မဟာဗောဓိတစ်ထောင် သာသနာ့မြေရှိ ရပ်တော်မူရုပ်ပွားတော်သို့ တက်ရောက်နိုင်သည့် ဓာတ်လှေကားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့ကြောင်း ဗောဓိတစ်ထောင် နာယက ဆရာတော်များထံမှ သိရသည်။
ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်း လုပ်ဆောင်နေသော မြန်မာဝမ်ပေါင်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ကို ဆန္ဒပြခဲ့သူများအား ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ဆန္ဒပြခဲ့မှုနှင့်ပတ်သက်၍ ဦးဆောင်သူ ဒေသခံငါးဦးကို အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ချောင်းဦးမြို့နယ်၊ နွယ်ခွေအုပ်စု၊ ချောင်းမကျေးရွာတွင် ရွာလူဦးရေ ၄၃၀ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် ဝင်ရောက်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ စုံစမ်းသိရှိရသည်။
02-Feb-2018 tagged as မုံရွာ ဘုရား
စစ်ကိုင်းဒေသကြီး၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းတည်ရှိပြီး ရှင်မဟာကဿပ ပရိနိဗ္ဗာန်ပြုရာ ကျောက်ဂူဟု ယုံကြည်ကြသည့် ကျောက်လိုဏ်ဂူတံခါးမှာ တပို့တွဲလဆန်း ၁၄ ရက်နေ့ (ဇန်နဝါရီလ ၃၀ ရက်) ည ၈ နာရီခန့်က ၁၅ မိနစ်ခန့် ကြာပွင့်ခဲ့ကြောင်း ဘုရားဖူးခရီးသွားများထံမှ သိရသည်။
ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်တွင် သတ္တုတူးဖော်လုပ်ကိုင်နေသည့် မြန်မာယမ်စီကုမ္ပဏီမှ မိုင်းအလုပ်သမား ၁၂၀ ခန့်သည် ဇန်နဝါရီလ ၃၁ ရက်နေ့က လက်ပတ်နီများဝတ်ဆင်ကာ လုပ်ငန်းခွင်အတွင်း တရားဝင်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းအလုပ်သမားများထံမှ သိရသည်။
ယာဉ်မောင်းများ၊ ခရီးသည်များနှင့် ကားဂိတ်ဝန်ထမ်းများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အဓိက ရည်ရွယ်သည့် အခမဲ့ဆေးခန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကားလေးကွင်းအတွင်း ဇန်နဝါရီ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း မုံရွာမြို့နယ် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ (ယ-စ-က)ထံမှ သိရသည်။