POST TAGGED AS

မုံရွာ

မုံရွာမြို့တွင်း ရေမြောင်းပြုပြင်ခြင်းများကို နှစ်စဉ်ရရှိသော တိုင်းဒေသကြီး ဘတ်ဂျက်နှင့် လုပ်ဆောင်နေသော်လည်း တစ်မြို့လုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရန်မလုံလောက်၍ ပြည်ထောင်စုဘတ်ဂျက်ရရန် ပြည်ထောင်စုအစိုးရထ တင်ပြမည်ဖြစ်ကြောင်း အဆိုပါမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ရှိ အလောင်းတော်ကဿပဘုရားသည် ယခုနှစ် ဘုရားဖူးရာသီတွင် လေလံကြေးနှင့် အလှူငွေနှစ်ရပ်ပေါင်း ကျပ်သိန်း ၇၀၀၀ နီးပါးရရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
သင်္ကြန်ပွဲတော်ရက်မတိုင်ခင် မုံရွာခရီးစဉ်ကို စီးနင်းမည့်ခရီးသည်များကို ကားလက်မှတ် ၁၀၀ ခန့် လိမ်လည်ရောင်းချမှုဖြစ်ခဲ့ပြီး ထိုရောင်းချသူကို အဝေးပြေးရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စုံစမ်းနေကြောင်း အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း (YRTA) ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
15-Apr-2018 tagged as မုံရွာ
မုံရွာမြို့သင်္ကြန်ပွဲတော်ကျင်းပရာ သောင်ခုံဇက်ဆိပ်တွင် ရေမကူးရကန့်သတ်ထားသည့်နေရာမှ အမျိုးသားတစ်ဦးအလောင်းကို ယနေ့(ဧပြီလ ၁၅ ရက်) မွန်းတည့် ၁၂ နာရီခန့်က တွေ့ရှိခဲ့သဖြင့် မုံရွာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း မြို့မစခန်းထံမှ သိရသည်။
02-Apr-2018 tagged as မုံရွာ ထီဆု
၁၃ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်း အောင်ဘာလေထီဆုကြီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နေသူ ဦးသောင်းကြည်က ဆွတ်ခူးခဲ့ကြောင်း မုံရွာ အောင်ကောင်းဆင့်ထီဆိုင်ထံမှ စုံစမ်းသိရှိရသည်။
27-Mar-2018 tagged as မုံရွာ
စစ်ကိုင်းတိုင်းအစိုးရရုံးစိုက်ရာ မုံရွာ မြို့ အိုးဘိုတောင်ရပ်ကွက်၏ လူနေအိမ် အချို့တွင် ထွက်လမ်းမရှိသဖြင့် မတ်လ ၂၇ ရက်နေ့က အသုဘတစ်ခုကို မြို့နယ်ရဲ၊ အုပ်ချုပ်ရေး၊ စည်ပင်၊ မြေစာရင်းစသည့်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ လုံခြုံရေး ပေးကာ အသုဘချခဲ့ရကြောင်း ရပ်ကွက် နေသူများထံမှ သိရသည်။
ခွေးများကို ဖမ်းဆီးကာ လှောင်အိမ်အတွင်းထည့်၍ ဆိုင်ကယ်နှစ်စီးဖြင့် သယ်ဆောင်မည့် ခွေးဖမ်းသူသုံးဦးကို ယနေ့ (မတ်လ ၁၇ ရက်) နံနက် ၈ နာရီကျော်က မုံရွာမြို့ မြို့သစ်ရပ်ရှိ ယာခင်းတစ်ခုအနီး နွားခြံတစ်ခြံ၌ ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့မရဲစခန်းထံမှ သိရှိရသည်။
10-Mar-2018 tagged as မုံရွာ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံတွင် နှစ်စဉ်ကျင်းပသည့် ဘိုးတော်ကြီးနတ်ပွဲ ကျွဲလှည်းဝင်ခြင်းကို မတ်လ ၁၀ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
08-Mar-2018 tagged as မုံရွာ သင်္ကြန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တိုင်းအစိုးရက ကျင်းပမည့် ချင်းတွင်း သင်္ကြန်ပွဲတော် ကုန်ကျစရိတ် အပါအဝင် အချက် ငါးချက်ကို သိရှိနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထံ စာပို့မေးမြန်းထား ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မျိုးဆက်သစ်အင်အားစုများ အဖွဲ့ (မုံရွာ)ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက် သဲသောင်ပေါ်တွင် ချင်းတွင်းသင်္ကြန်ပွဲကို တိုင်းအစိုးရအစီအစဉ်ဖြင့် ကျင်းပမည်ဖြစ်ရာ တာရိုးဝဲယာရှိ ကျူးကျော်နေအိမ်နှင့် ဈေးဆိုင်ခန်းများကို မတ်လ ၆ ရက်နေ့ ညနေအပြီး ဖယ်ရှားပေးရန် မြို့နယ်စည်ပင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက အမိန့်ထုတ်သတိပေးခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။