News

POST TAGGED AS

မုံရွာ

မုံရွာ သတင်းထောက် အသတ်ခံရမှု ဖမ်းဆီးခံ နှစ်ဦးကိုပြန်လွှတ်
မုံရွာ၊ ဇန်နဝါရီ ၁၆

မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် Blue Sky ကေတီဗီ ဝန်ထမ်း နှစ်ဦးကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ်က ပြန်လည် လွှတ်ပေးလိုက် ကြောင်း မုံရွာမြို့မရဲစခန်းထံမှ သိရသည်။

သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးမှုတွင် ကေတီဗီမှ မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးတို့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ကစ၍ ရမန်ယူ ဖမ်းဆီးထားရာမှ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရမန်ရက် ပြည့်သွားသည့်အတွက် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း မုံရွာမြို့မရဲစခန်း ဒုရဲမှူးသိန်းဆွေမြင့်က ပြောဆိုသည်။

“အမှုနဲ့ မသက်ဆိုင်လို့ ရဲကျင့် ၁၆၉ နဲ့ အပြီး လွှတ်လိုက်တာပါ။ အမှုရဲ့ စစ်ဆေးမှုတွေကတော့ ကိုစိုးမိုးထွန်းဖုန်းနဲ့ ဆက် သွယ်ထားတဲ့ နံပါတ်တွေကို ဆက်သွယ်ရေးရုံးကို ပို့ထားပါတယ်”ဟု ၎င်းကဆိုသည်။

Blue Sky ကေတီဗီဝန်ထမ်း နှစ်ဦး ကို ဒီဇင်ဘာလ ၂၀ ရက်နေ့က ပထမ ရမန်ယူ ဖမ်းဆီးပြီးနောက် ဇန်နဝါရီလ ၂ ရက်နေ့က ရမန်ပြည့်ခဲ့သည့်အတွက် ပြန်လွှတ်ရန် စီစဉ်ခဲ့သော်လည်း စစ်ဆေးစရာများ ကျန်ရှိနေသေးသည့်အတွက် ပြန်မလွှတ်ဖြစ်တော့ဘဲ ဒုတိယချုပ်ရက်ရမန် ထပ်ယူခဲ့ရာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ချုပ်ရက်ရမန် ပြည့်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group ၏ မုံရွာ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညသန်းခေါင်ယံက ပြည်ထောင်စု လမ်းဘေး၌ အသတ်ခံရခြင်း ဖြစ်သည်။

ယင်းအမှုကို တိုင်းရဲတပ်ဖွဲ့မှူး၏ အမိန့်ဖြင့် အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စီအိုင်ဒီတို့ဖြင့် စစ်ဆေးနေရာမှ ထပ်မံ၍ အမှတ် ၂ နယ်မြေ ရဲစခန်းကို အမှု စစ်ဆေးရန် တာဝန် ထပ်တိုးပေးခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်းထံမှ သိရသည်။၏

သတင်းထောက် သေဆုံးမှုတွင် ဖမ်းဆီး ခံထားရသည့် ကေတီဗီမှ မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးတို့ကို ဆက်လက် ဖမ်းဆီးရန် လုံလောက်သည့် ဖော်ပြချက်များ မရှိ၍ ၎င်းတို့၏ လွတ်လပ်ခွင့်ကို မထိခိုက်စေရန်နှင့် ၎င်းတို့ဘက်မှ တင်ပြလာသည့်အကြောင်းအရ လွှတ်ပေးခြင်းဖြစ်ကြောင်း အဆိုပါစခန်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ လက်ရှိတွင် လူပေါင်း ၆၀ ကျော်ကို ခေါ်ယူ စစ်ဆေးခဲ့ပြီး နန္ဒဝန်ရပ်ကွက်တွင် နေထိုင်သည့် ယာဉ်မောင်းကိုလည်း တတိယမြောက် သံသယရှိသူအဖြစ် ရမန်ထပ်ယူကာ စစ်ဆေးလျက်ရှိကြောင်း မုံရွာမြို့မရဲစခန်းထံမှ သိရသည်။

R-08



FOLLOW US