News

POST TAGGED AS

မုံရွာ

မုံရွာသတင်းထောက် အသတ်ခံရမှု ကေတီဗီဝန်ထမ်း နှစ်ဦးကို မလွှတ်ဖြစ်
မုံရွာ၊ ဇန်နဝါရီ ၃

မုံရွာသတင်းထောက် အသတ်ခံရမှုအတွက် ကေတီဗီမှ ဝန်ထမ်းနှစ်ဦး ဖြစ်သည့် မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးတို့ကို ဇန်နဝါရီလ ၂ ရက်နေ့က အာမခံဖြင့် လွှတ်ပေးရန် စီစဉ်ခဲ့သော်လည်း စစ်ဆေးရန် ကျန်ရှိသည့်အတွက် မလွှတ်ပေးဖြစ်ခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်း စခန်းမှူးဖြစ်သူ ဒုရဲမှူး သိန်းဆွေမြင့်က ပြောကြားသည်။

ပထမဆုံး ဖမ်းဆီးခံရသူနှစ်ဦး ဖြစ်သည့် Blue Sky ကေတီဗီမှ ဝန်ထမ်းနှစ်ဦးကို ရဲကျင့် ၁၇၀(၁) အရ လွှတ်ပေးလိုက်သည်ဟု ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ဝန်းကျင်က The Voice ကို အတည်ပြု ပြောကြားခဲ့သော်လည်း ယင်းညနေတွင် ၎င်းတို့နှစ်ဦးကို မလွှတ်ပေးဖြစ်ဘဲ ထပ်မံဖမ်းဆီးလာသူတစ်ဦးနှင့်အတူ ရမန်ထပ်ယူခဲ့ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့ ည ၉ နာရီခန့်က ၎င်းက အတည်ပြု ပြောဆိုသည်။
“ရမန်ကြီး တစ်ပတ်ထပ်ချုပ်ဖို့ ကျန်ပါသေးတယ်။ ဒါကြောင့် မလွှတ်ဖြစ်တာပါ။ ဇန်နဝါရီ ၁၆ အထိ ယူထားပါတယ်” ဟု ဒုရဲမှူး သိန်းဆွေမြင့်က ဆိုသည်။ 

အဆိုပါ သေဆုံးသူ သတင်းထောက် နောက်ဆုံးသွားခဲ့သည့် မြို့သစ်ရပ် ကေတီဗီဆိုင်မှ မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးတို့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်စစ်ဆေးမှုများအရ ဇန်နဝါရီလ ၂ ရက်နေ့က နောက်ထပ် သံသယရှိသူ တစ်ဦးကိုပါ ထပ်မံဖမ်းဆီးပြီး ရမန်ထပ်ယူခဲ့ကြောင်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

R-08



FOLLOW US