News

POST TAGGED AS

မုံရွာ

မုံရွာသတင်းထောက် ကိုစိုးမိုးထွန်းအတွက် ဝမ်းနည်းခြင်း ဆုတောင်းပွဲ ပြုလုပ်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၇

Eleven မီဒီယာ၏ မုံရွာမြို့ခံ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရခြင်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဖယောင်းတိုင်မီးများဖြင့် ဆုတောင်းခြင်းများကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ဖယောင်းတိုင် ထွန်းညှိဆုတောင်းပွဲ ကို ကျင်းပမည် ဖြစ်သည်။

အဆိုပါ ဆုတောင်းပွဲတွင် Center for Myanmar Media Development (CMMD) သတင်းစာ ကျောင်းသားများ၊ သတင်းထောက်များနှင့် စိတ်ဝင်စားသူများ ပူးပေါင်းပါဝင်ကြမည် ဖြစ်ကြောင်း ပြည်သူ့ခေတ်ဂျာနယ် အကြီးတန်း သတင်းထောက် ကိုအောင်နိုင်ဦးက ပြောကြားသည်။

“အဓိက သတင်းထောက်တွေ အသတ်ခံရတာထက် ပြည်သူတွေရော သတင်းထောက်တွေမှာပါ တရားဥပဒေစိုးမိုးမှု နည်းပါးလာတာကို ပြောပြချင်တာပါ၊ အစိုးရအနေနဲ့က အမှုမှန် ပေါ်ပေါက်ဖို့ အတွက်နဲ့ တရားဥပဒေစိုးမိုးရေးကို ပိုမိုလုပ်ဆောင်သင့်တယ်” ဟု ၎င်းက ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြသည်။

Eleven မီဒီယာ၏ မုံရွာမြို့ခံ သတင်းထောက် ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာ ၁၂ ရက် နံနက် တစ်နာရီခန့်တွင်  မုံရွာမြို့ ပြည်ထောင်စုလမ်းဘေးတွင် ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

J-09



FOLLOW US