POST TAGGED AS

မုံရွာ

မန္တ​လေးမြို့ပေါ်တွင် သတင်းထောက် တစ်ဦး ရိုက်နှက်ခံရ

မန္တလေး၊​ ဒီဇင်ဘာ ၁၄

လယ်ယာ မြေနှင့် စိုက်ပျိုးရေး နယ်ပယ်မှ သတင်းများကို ဦးစားပေး ဖော်ပြနေသော The Farmer ဂျာနယ်၏ မန္တလေး သတင်ထောက် ကိုကျော်သူရမျိုးကို ဒီဇင်ဘာ ၁၄ ရက် ည ၉ နာရီ ခွဲခန့်က နေအိမ်သို့ ဆိုင်ကယ်နှင့်အပြန် လမ်း ၇၀၊၃၂ x ၃၃ ကြား စံပယ်ဖြူလမ်းသွယ် (ဝန်ကြီးချုပ် နေအိမ်အနီးတွင်) အမျိုးသား လေးဦးက ဝိုင်းရိုက်ကြသဖြင့် မန္တလေး ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြော ဌာနတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကိုကျော်သူရမျိုးမှာ The Voice နှင့် ပြည်တွင်း မီဒီယာအချို့တွင် အလွတ်တန်း သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်ထောင်စု လမ်းတွင် Eleven မီဒီယာ၏ မုံရွာ နယ်ခံ သတင်းထောက်မှာ ဒီဇင်ဘာ ၁၂ ရက် ညက အသတ်ခံခဲ့ရသည်။





FOLLOW US