News

POST TAGGED AS

မုံရွာ

မုံရွာတက္ကသိုလ် သင်္ချာဌာနအတွင်း ရမ်းကားခဲ့သူများကို ကျောင်းစည်းကမ်းဖြင့် အရေးယူရန်စီစဉ်
မုံရွာ၊ ဩဂုတ် ၁

မုံရွာတက္ကသိုလ် သင်္ချာဌာနအတွင်း ပထမနှစ်ကျောင်းသားများကို ဝင်ရောက်ရိုက်နှက်ပြီး Water Cooler ကို ရိုက်ချိုးခဲ့သည့် ကျောင်းသားများကို အမှုဖွင့်ထားမှု ကျေအေးပေးခဲ့သော်လည်း ကျောင်းစည်းကမ်းဖြင့် အရေးယူမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်သင်တန်းဌာန ဌာနမှူး ဦးဇော်လင်းထွန်းက ပြောကြားသည်။ 

“အများပိုင်ပစ္စည်းဖျက်ဆီးမှု၊ နာကျင်စေမှုနဲ့ဖွင့်ပြီး စခန်းမှာ ၁၀ ရက် ချုပ်ထားလိုက်တော့ သူတို့နောင်ကြဉ်လောက်ပြီလို့ ယူဆတော့ ဇူလိုင် ၁၀ ရက်နေ့က ကျေအေးပေးလိုက်တယ်။ ကျောင်းသားတွေက ၁၆ နှစ်လောက်ပဲရှိကြသေးတယ်။ သူတို့ပညာရေးမနှောင့်နှေးစေချင်လို့ပါ”ဟု ၎င်းက ဆိုသည်။

ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက သင်္ချာမေဂျာမှကျောင်းသားနှစ်ဦးရေ သောက်နေသည်ကို ဝင်ရောက်ရိုက်နှက်ခဲ့သည့် အခြားမေဂျာမှ တက္ကသိုလ်ကျောင်းသားနှစ်ဦးနှင့် အထက်တန်းကျောင်းသားနှစ်ဦးကို ရဲစခန်းတွင် ဇွန်လ ၂၉ ရက်နေ့က အမှုဖွင့်ခဲ့ပြီး ယခုအခါ အမှုကျေအေးပြီးဖြစ်သော်လည်း ၎င်းတို့ကိုကျောင်း စည်းကမ်းအရအရေးယူရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

R-08



FOLLOW US