News

POST TAGGED AS

မုံရွာ

မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် Blue Sky ကေတီဗီ ဝန်ထမ်း နှစ်ဦးကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ်က ပြန်လည် လွှတ်ပေးလိုက် ကြောင်း မုံရွာမြို့မရဲစခန်းထံမှ သိရသည်။
မုံရွာမြို့၏ အဓိက လမ်းမကြီးများ ဘေးတွင် ရောင်းချနေသည့် ကျူးကျော်ဈေးဆိုင်များကို ရှင်းလင်းပြီးနောက် ဈေးသုံးခုနှင့် အခြားနေရာလွတ်များတွင် နေရာသစ် ချထားပေးမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောကြားသည်။
10-Jan-2017 tagged as မုံရွာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ ပြာပုံတောင် အဆင်း ၁၃ မိုင်တွင် ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီက အလောင်းတော်ကဿပမှ ဘုရားဖူး ပြန်လာသည့် ခရီးသည် ၁၂ ဦး လိုက်ပါလာသော မော်တော်ယာဉ်တစ်စီးမှာ ဘီးပေါက်ကာ ၁၀ ပေ ချောက်တွင်း တိမ်းမှောက်ခဲ့ရာ ခရီးသည် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနီမြို့မ ရဲစခန်းထံမှ သိရသည်။
05-Jan-2017 tagged as မုံရွာ
မုံရွာတက္ကသိုလ်၏ ၁၇ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အကြို အခမ်းအနားသို့ ဂုဏ်ထူးတန်းကျောင်းသူတစ်ဦးသည် မြန်မာ့ ရိုးရာလှည်းယာဉ် စီးနင်း၍ ဇန်န၀ါရီလ ၅ ရက်နေ့က ပထမဆုံး တက်ရောက်ခဲ့ကြောင်း မုံရွာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများထံမှ စုံစမ်း သိရှိရသည်။
မုံရွာသတင်းထောက် အသတ်ခံရမှုအတွက် ကေတီဗီမှ ဝန်ထမ်းနှစ်ဦး ဖြစ်သည့် မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးတို့ကို ဇန်နဝါရီလ ၂ ရက်နေ့က အာမခံဖြင့် လွှတ်ပေးရန် စီစဉ်ခဲ့သော်လည်း စစ်ဆေးရန် ကျန်ရှိသည့်အတွက် မလွှတ်ပေးဖြစ်ခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်း စခန်းမှူးဖြစ်သူ ဒုရဲမှူး သိန်းဆွေမြင့်က ပြောကြားသည်။
မုံရွာမြို့ ပြည်ထောင်စုလမ်းမတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသည့် မုံရွာ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးမှုတွင် သံသယရှိသူ နှစ်ဦးကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေက ဖမ်းဆီး စစ်ဆေး
Eleven မီဒီယာ၏ မုံရွာမြို့ခံ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရခြင်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဖယောင်းတိုင်မီးများဖြင့် ဆုတောင်းခြင်းများကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ဖယောင်းတိုင် ထွန်းညှိဆုတောင်းပွဲ ကို ကျင်းပမည် ဖြစ်သည်။
မုံရွာမြို့၏ ဒီဇင်ဘာလ ၁၃ ရက် ဆောင်း နံနက်ခင်း ၂ နာရီက မုံရွာမြို့ ဆေးရုံကြီး မှုခင်းဌာနသို့ အလောင်း တစ်လောင်း ရောက်လာသည်။