News

POST TAGGED AS

မလေးရှား

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားသံအမတ်ကို ခေါ်ယူ၍ မလေးရှားဝန်ကြီးချုပ်၏ စွပ်စွဲပြောကြားမှု များအတွက် အံ့သြစိတ်ပျက်ကြောင်း ခေါ်ယူသတိပေး ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်
07-Dec-2016 tagged as မလေးရှား
၎င်းအနေနှင့် ရာထူးက ဆင်းရသည်နှင့် နိုင်ငံတော် တရားရုံးတွင် အမှုရင်ဆိုင်ရန် သေချာသလောက်ဖြစ်နေ၍ ရာထူးက မဆင်းပေးရေး နိုင်ငံရေး ကစားကွက် ထထွင်နေခြင်းလည်းဖြစ်ကြောင်း၊ ပြည်ပသို့ ထွက်ပြေးဖို့လည်း မလွယ်ကူသဖြင့် ရာထူးမှလည်း မဆင်းပေးရအောင် အလွယ်ကူဆုံး လုပ်ငန်းစဉ်အနေနှင့် နိုင်ငံရေးကို ဘာသာရေးဖြင့် ခုတုံးလုပ်ပြီး မလေးရှားပြည်သူကို စည်းရုံးနေခြင်းဖြစ်ကြောင်း၊
06-Dec-2016 tagged as မလေးရှား
မလေးရှားနိုင်ငံဝန်ကြီးချုပ် ဦးဆောင်၍ မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာ ဆန္ဒပြသည့် ဖြစ်စဉ်များကြောင့် မလေးရှားနိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်မှုကို ရက်အကန့်အသတ် မရှိ ခေတ္တ ရပ်ဆိုင်း
အာဏာတည်မြဲရေးအတွက် ဘာသာရေး၊ လူမျိုးရေးကို အသုံးချတာဟာ မရိုးနိုင်တဲ့ အောက်တန်းအကျဆုံး နိုင်ငံရေးပါပဲ။ ဒါကြောင့်လည်း မွတ်ဆလင်နဲ့ အစ္စလာမ်ဘာသာကို ကာကွယ်ရမယ်လို့ပြောပြီး ဘင်္ဂါလီအရေးမှာ ဝင်စွက်ခဲ့ပုံရပါတယ်။ ဆော်ဒီက လှူတယ်ဆိုတဲ့ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရဲ့နောက်ကွယ်က နှောင်ကြိုးတွေကိုလည်း ထည့်စဉ်းစားရပါမယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး မလေးရှား ဝန်ကြီးချုပ် ဝင်ရောက်စွက်ဖက်နေခြင်းကို မြန်မာနိုင်ငံရှိ အစ္စလာမ် လူမှုရေးအဖွဲ့များက အစည်းအဝေး ပြုလုပ်၍ ရပ်တည်ချက်ကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း အစ္စလာမ် လူမှုရေးအဖွဲ့များထံမှ သိရသည်။
05-Dec-2016 tagged as မလေးရှား
မြန်မာနိုင်ငံမှ ဘင်္ဂါလီ အရေးကိစ္စနှင့် ပတ်သက်၍ လက်ရှိမလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် အနေနှင့် လူထုဆန္ဒပြပွဲကြီးကို ဦးဆောင်ပြုလုပ်နေမည့်အစား သံတမန်ရေးရာ နည်းလမ်းဖြင့် ချဉ်းကပ်လုပ်ဆောင်သင့်သည်ဟု တစ်ချိန်က အာဆီယံတွင် သြဇာကြီးမားသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသူ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က ထောက်ပြဝေဖန်လိုက်ကြောင်း Free Malaysia Today (FMT) သတင်းစာက ရေးသားဖော်ပြသည်။
“အာဆီယံ ပေါင်းစည်းမှုအတွက် တော်တော်ကို စိုးရိမ်ရတဲ့ အနေအထား ရောက်လာပြီလို့ တွေ့ရတယ်”
ရခိုင်ကိစ္စ ပြေလည်ရေးထက် ပိုရှုပ်ထွေးသွားစေတယ်။ ဘက်တွေ ထပ်ပေါ်လာတဲ့အတွက် မှန်တာ၊ မှားတာ အရေးမကြီးဘဲ ကိုယ့်ဘက်မှန်ဖို့ ပိုပြီး အားစိုက်ကြလိမ့်မယ်။ ပြဿနာက ထင်တာထက် ပိုကြာသွားနိုင်တယ်။ ပြည်တွင်းမှာ ကိုယ့်အချင်းချင်း စည်းလုံးဖို့ ပိုကြိုးစားရလိမ့်မယ်။