News

POST TAGGED AS

မလေးရှား

မလေးရှားဘုရင်၊ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်နှင့် ဝန်ကြီးတစ်ဦးကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သူအလုပ်လက်မဲ့ အမျိုးသားအပါအဝင် အကြမ်းဖက်မည်ဟု သံသယရှိသူ ၇ ဦးအား ဖမ်းဆီးခဲ့ကြောင်း မလေးရဲမှူးချုပ် မိုဖူဇီဟာရန်က ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း Channnel News Asia သတင်းဌာနက ဖော်ပြသည်။
မွတ်ဆလင် အများစုနေထိုင်သော မလေးရှားနိုင်ငံတွင် နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သော မလေးလွှမ်းမိုးသော ညွှန့်ပေါင်းအစိုးရကို ဖြုတ်ချလိုက်သော မေလက ရွေးကောက်ပွဲဂယက်များအပြီး လူမျိုးရေးတင်းမာမှုများ ကြီးထွားလာမှုကြောင့် သည်းခံမှု၊ စည်းလုံးမှုရှိကြရန် မလေးရှားဘုရင်က မေတ္တာရပ်ခံလိုက်သည်ဟု AFP သတင်းတွင်ဖော်ပြသည်။
မလေးရှားမူးယစ်အမှု၏ ကွင်းဆက်တရားခံဆိုသည့် အောင်လွင် (ခ) ထားဝယ်ကြီးကို ဇူလိုင်လ ၁၂ ရက်နေ့က ထားဝယ်ခရိုင် တရားရုံးတွင် စတင်တရားစွဲဆိုလိုက်သည်။
ယမန်နေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသော မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၄)ရက်နေ့က တရားရုံးတော်တွင် အာဏာအလွဲသုံးစားပြုမှု၊ ရာဇဝတ်မှု၊ အဂတိလိုက်စားမှု စသည်တို့ဖြင့် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
မလေးရှားနိုင်ငံပိုင် မီဒီယာဖြစ်သော Bernama သတင်းဌာန၏ အတည်ပြုဖော်ပြချက်အရ မလေးရှားအာဏာပိုင်များက ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို အဂတိ လိုက်စားမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
မလေးရှားနိုင်ငံ၏ လူငယ်လူရွယ် နိုင်ငံသားများအနေနှင့် မိမိ၏ မူလလူမျိုး ဇာစ်မြစ်ကို မေ့ဖျောက်ကာ မိမိကိုယ်မိမိ စစ်မှန်သော မလေးရှားနိုင်ငံသား သို့မဟုတ် မလေးရှားလူမျိုးအဖြစ်သာ စဉ်းစားသတ်မှတ်ကြစေလိုသည်ဟု ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က တိုက်တွန်းပြောကြားလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် ဆက်စပ်သည့်နေရာမှ သိမ်းဆည်းရမိသော အဖိုးတန် လက်ဝတ်ရတနာများနှင့် အခြားဇိမ်ခံပစ္စည်းများကို မလေးရှားအစိုးရက ရောင်းချသွားမည်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အန်းက AP သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောကြားကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ တင်သွင်းမှုမှ အဓိကတရားခံဖြစ်သူဟုဆိုသော မောင်မောင် (ခ) Hj Yassin အပါအဝင် အပေါင်းအပါတစ်စုကို ဇွန်လ ၂၉ ရက် (ယနေ့) တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ မူး/စိတ် ပုဒ်မများဖြင့် စတင်တရားစွဲဆိုခဲ့သည်။
မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နှင့် ဇနီးဖြစ်သူ ရော့စ်မာမန်ဆောတို့နှင့်ပတ်သက်သည့် အဖိုးတန်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး ယင်းပစ္စည်းများထဲတွင် ကျောက်မျက်ရတနာများ၊ အမျိုးသမီးလက်ကိုင်အိတ်များနှင့် ဒေါ်လာငွေ ၂၇၃ သန်းတို့ပါဝင်သည်ဟု မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ်မှာ အလွဲသုံးစားမှု၊ အကျင့်ပျက်ခြစားမှုနှင့် အခြားကိစ္စအများအပြားအတွက် စွဲချက်တင်ခံရမည်ဖြစ်သောကြောင့် နောင် ၅ နှစ်ခန့်အကြာ အထွေထွေရွေးကောက်ပွဲကာလတွင် ယှဉ်ပြိုင်နိုင်ဖွယ်မရှိဟု အသက် ၉၂ နှစ်အရွယ် တစ်ကျော့ပြန် မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က Channel News Asia သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။