News

POST TAGGED AS

မလေးရှား

မလေးရှားအမျိုးသမီးနှစ်ဦး လိင်တူဆက်ဆံမှုကြောင့် အများရှေ့တွင် ကြိမ်ဒဏ်ပေးခံရ


ကွာလာလမ်ပူ၊ စက်တင်ဘာ ၎

မလေးရှားနိုင်ငံ ရှာရီယာမွတ်ဆလင် ဘာသာရေးခုံရုံးသည် လိင်တူချင်းဆက်ဆံရန် ကြိုးစားခဲ့သည့် အမျိုးသမီးနှစ်ဦးကို ကြိမ်ဒဏ်ပေးခဲ့ရာ ရက်စက်လွန်း၊ ရှေးရိုးဆန်လွန်းသောပြစ်ဒဏ်ဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြစ်တင်ရှုတ်ချ လိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

လိင်တူချင်းဆက်ဆံရန် ကြိုးစားခဲ့သည့် မလေးရှားအမျိုးသမီးနှစ်ဦးကို ရှာရီယာခုံရုံးက တနင်္လာနေ့တွင် အများရှေ့မှောက်၌ ကြိမ်ဒဏ်ခြောက်ချက်စီ ပေးခဲ့ရာ လူ ၁၅၀ ခန့်က ကြည့်ရှုခဲ့ကြသည်။

အသက် ၃၂ နှစ်နှင့် ၂၂ နှစ်အရွယ် အမျိုးသမီးနှစ်ဦးကို ကြိမ်ဒဏ်အပြင် ငွေဒဏ်ပါချမှတ်ခဲ့သည်။ အရှေ့မြောက်ပိုင်း တီရန်ဂါနုပြည်နယ်တွင် ဖြစ်ပွားခဲ့သော အဆိုပါအမှုတွင် အမျိုးသမီးနှစ်ဦးကို အဝတ်အစားအပြည့်အစုံဖြင့် ကြိမ်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံတွင် တရားမကြောင်း ဥပဒေအရ ပိတ်ပင်ထားသော အဆိုပါ ပြစ်ဒဏ်ကို စနစ်နှစ်မျိုးဖြစ်စေသော အစ္စလာမ်ခုံရုံးက ခွင့်ပြုထားသည်။

လူဦးရေ၏ ၆၀ ရာခိုင်နှုန်းမှာ မွတ်ဆလင်များဖြစ်ကြသော မလေးရှားနိုင်ငံတွင် မကြာသေးမီကာလအတွင်း LGBT အသိုင်းအဝိုင်းကို ခွဲခြားဖိနှိပ်မှုနှင့်အတူ အစ္စလာမ်ရှေးရိုးစွဲ အယူအဆများ ကြီးထွားလာခဲ့သည်။

ယင်းကဲ့သို့ လိင်မှုရေးရာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းနှင့် ကြိမ်ဒဏ်ပေးခြင်း နှစ်မျိုးစလုံးကို လူ့အခွင့်အရေးအုပ်စုများက ပြစ်တင်ရှုတ်ချခဲ့ကြသည်။

အဆိုပါကြိမ်ဒဏ်ပေးမှုသည် မလေးရှားနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းတွင် စိတ်ပျက်ဖွယ်နေ့ရက်အဖြစ် ထင်ဟပ်နေပြီး ရက်စက်သော၊ လူမဆန်သော၊ ညှဉ်းပန်း နှိပ်စက်သောလုပ်ရပ်ဖြစ်သည်ဟု Amnesty International က မှတ်ချက်ပေးသည်။

လိင်တူချစ်မှုရေးရာ အားထုတ်မှုအတွက် လူနှစ်ဦးကို ရက်စက်သောပြစ်ဒဏ်ပေးခြင်းသည် လူ့အခွင့်အရေး မှတ်တမ်းတိုးတက်ရန် လုပ်ဆောင်နေသော မလေးရှားအစိုးရအတွက် ဆိုးဝါးသော နောက်ပြန် လှည့်မှုတစ်ခုဖြစ်သည်ဟု Amnesty International ၏ မလေးရှားဆိုင်ရာ အကဲခတ်လေ့လာသူ ရေချယ်ချဟော် ဟောင်းဝဒ်က ပြောကြားသည်။ 

Justice for sisters အဖွဲ့မှ သီလာဂါဆူလာသီရက်ကလည်း အဆိုပါ ပြစ်ဒဏ်ပေးမှုသည် မလေးရှား လူ့အခွင့်အရေးဖိနှိပ်မှုတစ်ခုဖြစ်သည်ဟု ပြောကြားသည်။

သို့ရာတွင် မွတ်ဆလင်ရှေ့နေများအသင်းမှ ဒုတိယဥက္ကဌ အဗ္ဗဒူရာဟင်ဆင်ဝန်က အဆိုပါကြိမ်ဒဏ်သည် ပြင်းထန်နာကျင်မှုမရှိပဲ အမျိုးသမီးများအား အသိတရားရစေရန် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ကာကွယ်ပြောဆိုသည်။

မလေးရှားတွင် ယခင်လကလည်း တောင်ပိုင်းပြည်နယ်တစ်ခုတွင် လိင်ပြောင်းထားသော အမျိုးသမီးတစ်ဦးကို လူတစ်စုက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သော သီတင်းပတ်အနည်းငယ်ကလည်း အာဏာပိုင်များက LGBT အရေးလှုပ်ရှားသူနှစ်ဦး၏ ရုပ်ပုံများကို ပြပွဲမှ ဖယ်ရှားပစ်ခဲ့ပြီး LGBT ယဉ်ကျေးမှု မြှင့်တင်နေခြင်းကို အစိုးရက အားပေးမည်မဟုတ်ဟု ဘာသာရေးဆိုင်ရာဝန်ကြီး မူဂျာ ဟစ်ယူဆွပ်ဖ်က ပြောကြားခဲ့သည်။

F-04



FOLLOW US