News

POST TAGGED AS

မလေးရှား

ရာသီဥတုဆိုးဝါးမှုကြောင့် ကလေးသို့ လေယာဉ်မဆင်းသက်နိုင်

ကလေး၊ မေ ၂၇ 

စစ်ကိုင်းတိုင်း ကလေးမြို့တွင် မေလ ၂၇ ရက် ညနေပိုင်းမှစတင်ကာ ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများကြောင့်ကလေးတွင် ဆင်းသက်မည့် လေယာဉ်မဆင်းသက်နိုင်သဖြင့် ခရီးသည်များ စောင့်ဆိုင်းနေရကြောင်း လေယာဉ်ကွင်းအတွင်း ရောက်ရှိနေသည့် ခရီးသည်များထံမှ သိရသည်။

မန္တလေးမှ ကလေးသို့ ပျံသန်းလာသည် Myanmar National Airlines ၏ လေယာဉ်မှာ မေလ ၂၇ ရက်နေ့ ညနေတွင် ကလေးလေယာဉ်ကွင်းသို့ ဆင်းသက်ရန် ကြိုးစားခဲ့သော်လည်း ရာသီဥတု ဆိုးရွားမှုကြောင့် မန္တလေးသို့ ပြန်လှည့်ခဲ့ကြောင်း ကလေးလေဆိပ် တာဝန်ရှိသူများထံမှ သိရသည်။

“မိုးက အရမ်း ရွာလိုက်တော့ လောလောဆယ် မဆင်းသက်နိုင်သေးဘူး။ လေယာဉ်ကတော့ မန္တလေးကို ပြန်သွားပြီ။ သူလဲ ဟိုဖက်မှာ ဆီဖြည့်နေတယ်။ အချိန်ရရင်တော့ ရသလို ဆင်းမှာပဲ”ဟု ကလေးမြို့ လေယာဉ်ကွင်း လေကြောင်းထိန်းရုံး မန်နေဂျာ ဦးကျော်ကျော်မြင့်က ပြောသည်။

ကလေးမြို့ လေယာဉ်ကွင်းပိတ်ချိန်သည် ညနေ ၆ နာရီဖြစ်ပြီး ညနေ ၅ နာရီ ၂၅ မိနစ်ချိန်ထိ လေယာဉ်စီး ခရီးသည်များ စောင့်ဆိုင်းလျက်ရှိသည်။

R-20



FOLLOW US