News

POST TAGGED AS

မကွေး

မကွေးမြို့နယ် မကြီးကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ဝင်ရောက်စွက်ဖက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို ဖိအားများပေးခဲ့သည်ဟု ရာအိမ်မှူးများနှင့် ရပ်မိရပ်ဖများ၏အဆိုအရ သိရသည်။
06-May-2018 tagged as လူသတ်မှု မကွေး
မကွေးတိုင်း မြို့သစ်မြို့နယ် မကြီးထူးကျေးရွာတွင် မေ ၄ ရက်နေ့ ညနေပိုင်းတွင် ခင်ပွန်းက ဇနီးထံမှ နို့တိုက်နေသော ၂ နှစ်အရွယ် သားငယ်ကို ခေါ်ယူရာကို မရသဖြင့် ဒေါသထွက်ပြီး ဓားဖြင့်ခုတ်ရာမှ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရသည်။
05-May-2018 tagged as မကွေး
မီးလောင်ကျွမ်းမှု များပြားသော မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနအတွက် ယခုဘဏ္ဍာနှစ် ဧပြီမှ စက်တင်ဘာအတွင်း အသုံးပြုရန် ကျပ်သန်း ၁၈၀၀ ကျော် ချထားပေးကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။
လက်ရှိအသုံးပြုနေသော မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေသည် ခေတ်နှင့်မလျော်ညီတော့သည့်အတွက် အသစ်ပြန်လည်ရေးဆွဲမည်ဖြစ်ကြောင်း အဆိုပါတိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ဦးဇော်မင်းက ဆိုသည်။
မကွေးမြို့နယ် မကြီးကန်ကျေးရွာရှိ ပင်မဓာတ်အားခွဲရုံ၏ မိန်းထရန်စဖော်မာ ပေါက်ကွဲမှုကြောင့် မကွေးနှင့် ရေနံချောင်းမြို့တို့တွင် မီးပေးဧရိယာ ၇၅ ရာခိုင်နှုန်းတွင် မီး ၅ ရက်ခန့် ပြတ်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လျှပ်စစ်ဦးစီးရုံးထံမှသိရသည်။
30-Apr-2018 tagged as ဆရာများ မကွေး
မကွေးတက္ကသိုလ်၌ ပြုလုပ်နေသော မူလတန်း ဆရာအတတ်သင် စာပေးစာယူ သင်တန်းတွင် တက်ရောက်နေသည့် ဆရာ၊ ဆရာမများအတွက် သင်တန်းချိန်အတွင်း သောက်သုံးရေနှင့် သုံးရေရှားပါးသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း အဆိုပါ သင်တန်းတက်ရောက်နေသူများထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးကော်မတီဝင်များ ရွေးချယ်ရာတွင် လူတစ်ဦးလျှင် မဲတစ်မဲ ပေးခွင့်ရရန် လက်ရှိစည်ပင်ဥပဒေနှင့် နည်းဥပဒေများ ပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူများက မကွေးဟိုတယ်တွင် ဧပြီ ၂၈ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။
မကွေးတိုင်း စလေမြို့နယ် မြို့မရပ်ကွက်ရှိ ရုပ်စုံကျောင်းရှေ့၌ တည်ဆောက်ထားသည့် ဈေးဆိုင်နှင့် သားသတ်ရုံမြေနေရာအတွင်း တည်ဆောက်ထားသည့် ကျူးကျော်အဆောက်အအုံများကို ၁၀ ရက်အတွင်း ဖယ်ရှားပေးရန် ချောက်မြို့ စည်ပင်သာယာရေး ကော်မတီက ညွှန်ကြားလိုက်သည်။
25-Apr-2018 tagged as မကွေး
မကွေးတိုင်း မကွေးမြို့ လေဆိပ်ဆိုင်းဘုတ်အနီးရှိ ဇရပ်ဘေးတွင် မသင်္ကာဖွယ် လူတစ်ဦးကို စစ်ဆေးရာမှ WY စာတန်းပါ စိတ်ကြွဆေးများ ဧပြီ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မကွေးမြို့နယ် မှုခင်းဖော်ထုတ်ရေးအဖွဲ့ထံမှ သိရသည်။
24-Apr-2018 tagged as မကွေး
မကွေးတိုင်း အစိုးရက အတည်ပြုခန့်အပ်ထားသော လစ်လပ်နေသည့်ဝန်ကြီး ၂ ဦးကို ဧပြီ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် အတည်ပြု ခန့်အပ်လိုက်သည်။