News

POST TAGGED AS

မကွေး

မကွေးတက္ကသိုလ် ပါမောက္ခချုပ်သည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို ချိုးဖောက်ခြင်းနှင့် ကျောင်းသားများနှင့် ဆရာများအပေါ် အာဏာအလွဲသုံးစားပြုခြင်းများ ရှိနေသည်ဟုဆိုကာ အဆိုပါတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက မကွေးမြို့ရှိ ကပ်ကျော်ဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ် ၇ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
မကွေးတိုင်း သရက်အကျဉ်းထောင်တွင် ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က အဆောင်ကူးသည့် အကျဉ်းသားကို မကူးရန်ပြောဆိုပြီး ဇက်ပိုးအုပ်ဆုံးမသည့် အကျဉ်းထောင် တပ်ကြပ်ကြီးကို အကျဉ်းသားက စည်သွတ်ဘူးသံပြားဖြင့် ပြုလုပ်ထားသည့် ဓားဖြင့် လည်ပင်းကို ထိုးသတ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး ချောက်မြို့ရှိ ကြောင်လျှာတောကျေးရွာအုပ်စု အထကကျောင်းအတွက် စာသင်ခန်းနှင့် ဆရာလိုအပ်သည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းတွင် တောင်းဆိုခဲ့ကြောင်း ကြောင်လျှာတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။
မကွေးတိုင်း ချောက်မြို့ အမှတ် (၈) သာယာအေးရပ်ကွက်ရှိ တောင်မြေကမ်းပါးစောင်း မြေကွက်လပ်တွင် MPT ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်နေခြင်းအပေါ် ယင်းဆက်သွယ်ရေးတာဝါတိုင် ပြိုကျမည်ကို စိုးရိမ်သည့်အတွက် တည်ဆောက်ခြင်းမပြုလုပ်ရန် ကန့်ကွက်ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။
03-Aug-2018 tagged as ဆေးရုံ မကွေး
မကွေးတိုင်း ဆေးရုံကြီးဝင်းအတွင်း၌ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈ သန်း ကုန်ကျမည့် သားဖွားမီးယပ်နှင့် မွေးကင်းစ ကလေးများအတွက် သုံးထပ်ဆောင်ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးအန္တရာယ်ကြုံတွေ့ပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း ကော်မတီက စက်လှေ ၂၆ စင်း ထောက်ပံ့ပေးထားကြောင်း ယင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများအကြားချိတ်ဆက်မှုများ လျင်မြန်ပြီး ဝန်ကြီးဌာနအသီးသီး၏ ဝန်ဆောင်မှုများ လွယ်ကူစေရန်အတွက် အွန်လိုင်းဝန်ဆောင်မှု ၁၇ မျိုးပေးနိုင်မည့် e-Government Central Control Room ကို ဇူလိုင် ၃၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည်။
30-Jul-2018 tagged as မကွေး မြေယာ
မကွေးတိုင်းအတွင်းရှိ သိမ်းဆည်းခံထားရသည့် မြေများအနက်မှ တပ်သိမ်းမြေများမှလွဲ၍ အခြားသိမ်းဆည်းခံမြေများနှင့်ပတ်သက်၍ ယခုနှစ် ဒီဇင်ဘာလအတွင်း ပြီးပြတ်အောင်ဖြေရှင်းမည်ဖြစ်ကြောင်း တိုင်းလယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ကျော်က ပြောကြားသည်။
မကွေးတိုင်း ချောက်မြို့နယ် မိုင်တိုင်အမှတ် ၃၉၆ အနီးရှိ ဆင်ကကြိုးပြင် ကာကွယ်တောအတွင်း နေရောင်ခြည်အသုံးပြု ဆိုလာလျှပ်စစ်ဓာတ်အားထုတ် စက်ရုံတည်ဆောက်မည့် စီမံကိန်းကို ဆင်ကကျေးရွာနေ ဒေသခံ ၁၅၀ ခန့်မှ လက်မှတ်ရေးထိုးပြီး ဝန်ကြီးချုပ်နှင့် မြို့နယ်အစိုးရအဖွဲ့များထံသို့ ကန့်ကွက်စာ တင်လိုက်ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။
ယခုနှစ် ချောက်မြို့အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် မကွေးတိုင်းအစိုးရရန်ပုံငွေမှ လေးနှစ်စီမံကိန်းချ၍ တစ်နှစ်လျှင် ကျပ်သိန်းတစ်ထောင် အသုံးပြုပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း ချောက်မြို့ စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။