News

POST TAGGED AS

မကွေး

မကွေးတိုင်း ချောက်မြို့ ပြည်သူ့ဆေးရုံသို့ ဇူလိုင်နှင့် ဩဂုတ်လအတွင်းအထိ နှစ်လအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၀ နှစ်အောက် ကလေးသူငယ် ၁၇ ဦးရှိကြောင်း ယင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
မကွေးတိုင်းအတွင်းရှိ မြို့နယ်များအတွင်း လုပ်ကိုင်နေသည့် ရေသန့်စက်ရုံများအနေနှင့် အစိုးရကချမှတ်ထားသည့် စက်ရုံစီမံခန့်ခွဲမှုအဓိကအချက် ၃ ချက်ကို မလိုက်နာပါက စက်ရုံပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း မကွေးတိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒေါက်တာ ပြည့်ထူးအောင်က ပြောကြားသည်။
မကွေးတိုင်း မကွေးမြို့ရှောင်လမ်းပေါ်ရှိ KTV တွင် သောင်းကျန်းနေသည့် လူငယ်ငါးဦးကို တားမြစ်သည့် ရဲများကို ပြန်လည်ထိုးကြိတ်သူများကို အမှုဖွင့်လိုက်ကြောင်း မကွေးမြို့မရဲစခန်းထံမှ သိရသည်။
16-Aug-2018 tagged as ပညာရေး မကွေး
မကွေးပညာရေးကောလိပ်တည် ဆောက်စဉ်ကသိမ်းယူခဲ့သည့် လယ်ယာမြေများထဲမှ အသုံးမပြုဖြစ်ဘဲ ပိုလျှံမြေဧက ၄၀ ကျော်အတွက် ယာယီလုပ်ပိုင်ခွင့် ပုံစံ ၃ ပေးအပ်ပွဲကို ဩဂုတ် ၁၆ ရက်နေ့က မကြီးကန်ကျေးရွာရှိ အေးစေတီ ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။
14-Aug-2018 tagged as ကလေး မကွေး
မကွေးတိုင်းဒေသကြီး ဆောမြို့နယ်တွင် နေထိုင်သည့် ချင်းတိုင်းရင်းသားများ၏အမည်များကို မှတ်ပုံတင်ပြုလုပ်ရာတွင် ဦး/ဒေါ်နေရာ၌ ဆလိုင်း/မိုင်အဖြစ် ပြောင်းလဲရေးသွင်းနိုင်ရေး လှုပ်ရှားမှုပြုလုပ်နေပြီဖြစ်ကြောင်း အူးပူးချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောကြားသည်။
မကွေးတိုင်း ပခုက္ကူမြို့ရှိ အထည်ချုပ်စက်ရုံသုံးခုသည် အလုပ်သမားများကို လစာမပေးဘဲ ပိတ်သွားရာမှ ယခုအခါစက်ရုံ ၂ ရုံမှ အလုပ်သမား ၅၀ ကျော်ကို လစာပြန်ပေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ပခုက္ကူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက ပြောကြားသည်။
မကွေးတိုင်းအတွင်းရှိ အလုပ်လက်မဲ့လူငယ်များ လူငယ်များအလုပ်အကိုင်အခွင့်လမ်းများ ရရှိစေရန် အသက်မွေးပညာသင်တန်း (၄) မျိုးကို သင်တန်းဖွင့်လှစ်၍ အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း မကွေးတိုင်းလူငယ်ရေးရာ ကော်မတီအဖွဲ့ဝင် ဦးသက်ပိုင်ဦးက ဩဂုတ် ၁၂ ရက်နေ့က ပြုလုပ်သည့် နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားတွင် ပြောကြားသည်။
မကွေးတိုင်း ချောက်မြို့ရှိ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၉ မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်းဖြင့် လူမှုကူညီရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် World Vision မြန်မာမှ လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်းထံမှ သိရသည်။
မကွေးတက္ကသိုလ် ပါမောက္ခချုပ်သည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို ချိုးဖောက်ခြင်းနှင့် ကျောင်းသားများနှင့် ဆရာများအပေါ် အာဏာအလွဲသုံးစားပြုခြင်းများ ရှိနေသည်ဟုဆိုကာ အဆိုပါတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက မကွေးမြို့ရှိ ကပ်ကျော်ဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ် ၇ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
မကွေးတိုင်း သရက်အကျဉ်းထောင်တွင် ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က အဆောင်ကူးသည့် အကျဉ်းသားကို မကူးရန်ပြောဆိုပြီး ဇက်ပိုးအုပ်ဆုံးမသည့် အကျဉ်းထောင် တပ်ကြပ်ကြီးကို အကျဉ်းသားက စည်သွတ်ဘူးသံပြားဖြင့် ပြုလုပ်ထားသည့် ဓားဖြင့် လည်ပင်းကို ထိုးသတ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။