News

POST TAGGED AS

မကွေး

မကွေးငွေကြေး အရှုပ်တော်ပုံ တိုင်းဝန်ကြီးချုပ်ဟောင်း ကျပ်သန်း ၁၈၀ဝ ပြန်သွင်း
ရန်ကုန်၊ ဇွန် ၁၅

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဒသမ ၄၅၉ ဘီလီယံကို စာရင်းမရှိ သုံးစွဲခဲ့မှုတွင် လက်ရှိအစိုးရထံ ကျပ်သန်း ၁၈၀ဝ ပြန်လည် ပေးသွင်းထားပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

“ဇွန်လ ၁၄ ရက်နေ့က ကျပ်သိန်း ငါးထောင် လာသွင်းတယ်။ ယခင်က ကျပ်သန်း ၁၃၀ဝ ပေးသွင်းထားတယ်။ စုစုပေါင်း ကျပ်သန်း ၁၈၀ဝ ပေးသွင်းပြီးဖြစ်တယ်”ဟု ဦးနေမျိုးကျော်က ပြောသည်။

ထိုကဲ့သို့ ပြန်လည်ရရှိသော ငွေများကို တိုင်းဒေသကြီး အစိုးရ ဘတ်ဂျတ်၌ ထည့်သွင်းထားပြီး ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် သုံးစွဲသွားမည်ဟု ဦးနေမျိုးကျော်က ဆိုသည်။

ယခင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေသည် ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များမှ ဒေသဖွံ့ဖြိုးရေး ထည့်ဝင်ထားသော ငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကျော်မှ လက်ရှိ မကွေးတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီသို့ ငွေကျပ် ၁ ဒသမ ၇ ဘီလီယံ၊ မော်တော်ယာဉ် လေးစီး၊ မြေတူးစက် တစ်စီး၊ ပဲ့ထောင်စက်လှေ ရေယာဉ် နှစ်စီး လှူဒါန်းခဲ့ပြီး မကွေးတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီမှ တည်ထောင်သော ရွှေသုခ အသေးစား ငွေရေးကြေးရေး လုပ်ငန်းထံ ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံ လွှဲပြောင်းထားကြောင်း လက်ရှိမကွေးတိုင်း ဝန်ကြီးချုပ် ဒေါတ်တာအောင်မိုးညိုက ပြောဆိုခဲ့သည်။

အလားတူ ဦးဘုန်းမော်ရွှေသည် ကြံ့ခိုင်ရေးပါတီသို့ လှူဒါန်းခဲ့သော မော်တော်ယာဉ် လေးစီး၊ ဘက်ဟိုးလုပ်ဒါ တစ်စီးကို ဧပြီလ ၂၉ ရက်၌ လက်ရှိ တိုင်းအစိုးရထံ ပြန်လည် ပေးအပ်ခဲ့သည်။

J-07



FOLLOW US