News

POST TAGGED AS

မကွေး

ဆော၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုဖြစ် ၃ ဦးသေ၊ ၁ ဦး ဒဏ်ရာရပြီး ၅ ဦး ပိတ်မိနေ
ချောက်၊ စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်မြောင်းကျေးရွာအနီး ထွန်းရာဇ သတ္တုတွင်း တူးဖော်ရေးကုမ္ပဏီလီမီတက် ကျောက်မီးသွေးတွင်းတွင် စက်တင်ဘာလ ၆ ရက် နံနက် ၁၀ နာရီက ပေါက်ကွဲမှုဖြစ်၍ တွင်းပြိုကျပြီး အလုပ်သမား (၃) ဦး သေ (၁) ဦး ဒဏ်ရာရရှိပြီး (၅) ဦး ပိတ်မိနေသည်ဟု ဆောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

“တွင်းအနက် ပေ ၃၀၀ လောက်မှာ သဘာဝဓာတ်ငွေ့နဲ့ အောက်ဆီဂျင် ထိတွေ့မှုဖြစ်ပြီး ပေါက်ကွဲမှုဖြစ်တာလို့ သူတို့က ပြောတယ်”ဟု ဆောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကျောက်မီးသွေးတွင်း အတွင်းသို့ ဆင်းသွားသူ (၁၂) ဦးအနက် (၆) ဦးမှာ ပြန်ထွက်နိုင်လာနိုင်ပြီး ၄င်းအထဲမှ (၂) ဦးမှာ သေဆုံးခဲ့ပြီး ပင်လယ်ဘူးမြို့နယ်နေသူ အသက် ၂၅ နှစ်ခန့်ရှိ တင်ကျော်ဝင်းသည် ထိခိုက်ဒဏ်ရာ ရရှိသောကြောင့် ဆောမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။ 

ယင်းနေ့တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ ညနေ ၄ နာရီခန့်တွင် တွင်းလုပ်သားတစ်ဦး သေဆုံးလျှက် တွေ့ရှိရကြောင်း သေဆုံးသူများသည် ပင်လယ်ဘူးမြို့နယ်နေသူများဖြစ်သည့် ကျော်နိုင်ထွန်း (၂၅) နှစ်ခန့် ကျော်မင်းထွန်း (၂၉) နှစ်ခန့် အောင်ဇင်ထွန်း (၁၇) နှစ်ခန့်တို့ ဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းအထိ ၅ ဦး ပိတ်မိနေကြောင်း ရဲတပ်ဖွဲ့မှသိရသည်။ 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆောမြို့မရဲစခန်းမှ ထွန်းရာဇ သတ္ထုတူးဖော်ရေးကုမ္ပဏီမန်နေဂျာ မင်းမင်းဦးအား (ပ) ၁၁၀/၂၀၁၈၊ ရာဇဝတ်မှုပုဒ်မ ၃၀၄ (က)/၃၃၈ ဖြင့် အမှုဖွင့် အရေးယူစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

R-24



FOLLOW US