News

POST TAGGED AS

မကွေး

မန္တလေးစက်မှုဇုန်တွင် အခြေခံလျှပ်စစ်ပညာ အခမဲ့သင်ပေးမည်
မန္တလေး၊ ဇူလိုင် ၂၆

မန္တလေးမြို့တော်ရှိ စက်မှုဇုန်တွင် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းများကို ဩဂုတ်လတွင် ဖွင့်လှစ်မည်ဖြစ်ရာ အခြေခံလျှပ်စစ်ပညာရပ်များ အခမဲ့သင်ပေးမည်ဖြစ်ကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးအဖွဲ့မှူး ဦးနိုင်ဦးက ပြောကြားသည်။

“အသက်မွေးပညာရပ်တစ်ခုအနေနဲ့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမှာပါ”ဟု ၎င်းက ပြောဆိုသည်။ 

သင်တန်းကာလမှာ ဩဂုတ်လ ၆ ရက်မှ ၁၇ ရက်အထိဖြစ်ပြီး သင်တန်းသား ၅၀ ဦးကို တစ်ရက်လျှင် သင်တန်းချိန် ၈ နာရီနှုန်းဖြင့် နာရီပေါင်း ၈၈ နာရီကြာ ကျွမ်းကျင်နည်းပြဆရာများက သင်ကြားပေးမည်ဖြစ်သည်။ 

အခြေခံ အသက်မွေးပညာရပ်များကို ယခုကဲ့သို့ အခမဲ့သင်ကြားဖွင့်လှစ်ပေးခြင်းသည် လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေနိုင်ကြောင်း မန္တလေးမြို့မှ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်မင်းထွန်းရှိန်က ပြောကြားသည်။ 

မန္တလေးစက်မှုဇုန်တွင် သက်မွေးပညာနှင့် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေး သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း စီမံခန့်ခွဲရေးကော်မတီ ရုံးအဖွဲ့မှူးဦးနိုင်ဦးက ထပ်မံပြောကြားသည်။ 

အခြေခံ လျှပ်စစ်ပညာရပ်သင်တန်းတွင် သင်ရိုးညွှန်းတမ်း၊ ဝတ်စုံနှင့် အစားအသောက်များသည် အခမဲ့ဖြစ်ပြီး စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ (MIMC) တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။  

M-08



FOLLOW US