News

POST TAGGED AS

မကွေး

ဝေါလွှတ်တော်ကိုယ်စားလှယ် အိမ်ရှေ့တွင် စိတ်ကြွဆေးထုပ်တွေ့
တောင်ငူ၊ မေ ၈

ပဲခူးတိုင်း ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းအနီးရှိ ချမ်းမြသာစည်ရပ်ကွက်နေ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၏ နေအိမ်ရှေ့တွင် WY စာတန်းပါ မူးယစ်ဆေးဝါးများကို မေလ ၇ ရက် ည ၉ နာရီ ခန့်က ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း ဝေါမြို့မရဲစခန်းထံမှ သိရသည်။

“ဝေါမှာ အခုတစ်လော မူးယစ်ဆေးဝါးတွေ ပိုက်စိပ်တိုက်ရှာဖွေနေတယ်။ ယူဆရတာတော့ ဘဘအိမ်ရှေ့လာဖွက်ပြီး တစ်ဆင့်ဖြန့်နေတယ်လို့ ထင်ပါတယ်။ ချောက်ချတယ်လို့မယူဆဘူး”ဟု ဦးတင်ထွေးက ပြောကြားသည်။

ဦးတင်ထွေးနှင့်အတူ အမျိုးသားအချို့က ကိုယ်စားလှယ်ရုံးခန်းဆိုင်းဘုတ်ထူရန် နေအိမ်ရှေ့ကိုရှင်းလင်းရာမှ အနက်ရောင်ကြွပ်ကြွပ်အိတ်တစ်လုံးကို တွေ့ရှိခဲ့သည့်အတွက် နယ်မြေခံရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားရာမှ တာဝန်ရှိသူများလာရောက်စစ်ဆေးခဲ့ရာ ပလတ်စတစ်အိတ်အတွင်း အပြာရောင်အိတ်များဖြင့် WY ဆေးပြား ၃၇၀ ခန့်ကို တွေ့ရှိခဲ့ကြောင်း ဝေါမြို့မရဲစခန်းထံမှ သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဝေါမြို့မရဲစခန်းက မယ(ပ)၂/၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ က အရ အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US