News

POST TAGGED AS

မကွေး

မကွေးတိုင်းအတွင်း ရွာ ၃ ရွာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ရရှိမည်
ရန်ကုန်၊ နိုဝင်ဘာ ၈

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် ထုတ်လုပ်သည့် စက်ရုံကို မကွေး တိုင်းဒေသကြီးတွင် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ရာ ကျေးရွာ ၃ ရွာတွင် လျှပ်စစ်ရရှိမည်ဖြစ်ကြောင်း Mandalay Yoma Co.,Ltd ထံမှ သိရသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် ထုတ်လုပ်သည့် စက်ရုံမှ တစ်ရက်လျှင် ကီလိုဝပ် ၁၁၀ ထွက်ရှိမည်ဖြစ်ပြီး ယင်းစက်ရုံအနီးရှိ ဆည်တောကျေးရွာ၊ ကန်သာအေးကျေးရွာနှင့် ကျောက်တောင်ကျေးရွာ သုံးရွာကို လျှပ်စစ်ဓာတ်အား ပေးမည်ဖြစ်ကြောင်း Mandalay Yoma Co.,Ltd ထံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လျှပ်စစ်က မဂ္ဂါဝပ်အနေနဲ့တော့ မထွက်ဘူး။ ကီလိုဝပ်နဲ့ ထွက်ရှိတာမှာတော့ အကြီးဆုံးပါ။ ဒီစက်ရုံကထွက်တဲ့ လျှပ်စစ်ဓာတ်အားကို ကျေးရွာ သုံးခုကို ပေးပါမယ်။ စတင် ဖွင့်လှစ်တဲ့နေ့ကစပြီး စတင်ပေးမယ်”ဟု ၎င်းကဆိုသည်။

အမျိုးသား လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း National Electrification Project (NEP) အရ Mandalay Yoma Co.,Ltd. မှ လယ် ယာစိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန Department of Rual Development (DRB) ၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ၏ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် စက်ရုံကို တည်ဆောက်ခြင်းဖြစ်သည်။

J-10



FOLLOW US