News

POST TAGGED AS

မကွေး

ဦးဖြိုးမင်းသိန်း နုတ်ထွက်ပေးရေးဆန္ဒထုတ်ဖော်မည်ဟု အွန်လိုင်းတွင်ရေးသားသူကို အမှုဖွင့်
ရန်ကုန်၊ အောက်တိုဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နုတ်ထွက်ပေးရေး ဆန္ဒထုတ်ဖော်သွားမည်ဟု လူမှုကွန်ရက်စာ မျက်နှာတွင်ရေးသားခဲ့သူ NLD Special News အကောင့်ပိုင်ရှင်ကို စုံစမ်းဖော် ထုတ်အရေးယူပေးရန် အမှုဖွင့် တိုင်ကြား ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

စမ်းချောင်းမြို့ နယ် အပါအဝင် ကြည့်မြင်တိုင်၊ အလုံ၊ လမ်းမတော်နှင့် လသာမြို့နယ်တို့မှ အဖွဲ့ချုပ်ပါတီဝင်များ ပူးပေါင်း၍ ဦးဖြိုးမင်းသိန်း နုတ်ထွက်ပေးရေး ဆန္ဒထုတ်ဖော်မည်ဟု စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်တစ်ဦးက ပြောကြားကြောင်း၊ မဟုတ်မမှန် သတင်းများ ရေးသားဖော်ပြမှုသည် ဂုဏ်သိက္ခာ ကျဆင်း၍ အသရေပျက်ခဲ့ရသဖြင့် NLD ပါတီ၏ စမ်းချောင်းမြို့နယ်၊ အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးချစ်ကိုကိုအေးက အမှုဖွင့်တိုင်ကြားခြင်းဖြစ်သည်။

“ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတယ်၊ အွန်လိုင်းမှာ ရေးသားတဲ့သူက ဘယ်သူမှန်းမသိသေးဘူး၊ NLD Special News အကောင့်လို့ပဲ သိရသေးတယ်၊ အွန်လိုင်းတင်ခဲ့တာက အောက်တိုဘာ ၂၁ ရက်နေ့က တင်ခဲ့တာလို့ သိရပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

J-16



FOLLOW US