News

POST TAGGED AS

မကွေး

20-Aug-2017 tagged as မကွေး
မကွေမြို့တွင် (က) အဆင့်ရှိ အကျဉ်းသား ၁၀၀၀ ဆံ့ ထောင်တစ်ခု ယခုဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း နေပြည်တော်ရှိ ဗဟိုအကျဉ်းဦးစီးဌာန ရုံးချုပ်မှ ဒုညွှန်မှူး ဦးမင်းထွန်းစိုးက The Voice သို့ ပြောကြားသည်။
ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ပြန်လည်ပေးအပ်ခဲ့သည့် မကွေးတိုင်း ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းများမှ ရရှိခဲ့သော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်းပေါင်း ၃၀၀၀ ကျပ်ကို တိုင်းဒေသကြီးအတွင်းရှိ အမှန်တကယ် လိုအပ်သည့် နေရာများတွင် ထည့်သွင်းအသုံးပြုမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အတည်ပြု ပြောကြားသည်။
မကွေးတိုင်း မင်းဘူးမြို့နယ်ရှိ လျှပ်စစ်စီမံကိန်းမှ နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင်ကို ၂၀၁၈ နှစ်လယ်ပိုင်းတွင် ပထမအဆင့်အဖြစ် စတင်ထုတ်လုပ်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှသိရသည်။
11-Jul-2017 tagged as လယ်ယာကဏ္ဍ မကွေး
မကွေး တိုင်းဒေသကြီးအတွင်းရှိ မိုးနှမ်းစိုက်ခင်းများ ပုံမှန်ထက် စိုက်ပျိုးမှုမှာ အားရဖွယ်ဖြစ်သော်လည်း စိုက်ခင်းအချို့တွင် ပုံမှန် မဟုတ်ဘဲ သီးပွင့်နေသည့် အသီးအပွင့်များမှာ နှစ်စဉ် ကြုံတွေ့ရသည်ထက် ပိုမိုများပြားနေကြောင်း မကွေးဒေသရှိ နှမ်းစိုက်တောင်သူထံမှ သိရသည်။
10-Jul-2017 tagged as မကွေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားကြီးအနီး မုန်းချောင်းကမ်းနံဘေးရှိ ဘူးသည်ရွာ ငါးကျွေးဆိပ်သို့ ငါးကြီးများ လာရောက်ခြင်း မရှိသည်မှာ ၁၀ စုနှစ် တစ်ခုနီးပါး ကြာမြင့်နေပြီ ဖြစ်ကြောင်း ကျောင်းတော်ရာဘုရားကြီး အနီးရှိ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မကွေးအခြေစိုက် သတင်းထောက် သုံးဦးကို မကွေးမြို့နယ်၊ မယ်လှတောင် ကျေးရွာအုပ်ချုပ်ရေးမှူးက ဇွန်လ ၁၀ ရက်နေ့က ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း မကွေးမြို့နယ်၊ အမှတ် ၂ ရဲစခန်းထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဒသမ ၄၅၉ ဘီလီယံကို စာရင်းမရှိ သုံးစွဲခဲ့မှုတွင် လက်ရှိအစိုးရထံ ကျပ်သန်း ၁၈၀ဝ ပြန်လည် ပေးသွင်းထားပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။
11-Jun-2017 tagged as မကွေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း၌ ဂျပန်နိုင်ငံက ဈေးကွက်ဝင် နှမ်းနက် (စမုန်) မျိုး ဧကပေါင်း သုံးသောင်းကျော် စိုက်ပျိုးထားပြီး တစ်ဧကလျှင် ၁၅ တင်းမှ တင်း၂၀ အထိ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
02-Jun-2017 tagged as မကွေး
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း၏ ငွေကြေးအရှုပ်တော်ပုံတွင် တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည်ဟု ဆိုသော ပဲ့ထောင်စက်လှေ နှစ်စင်းကို ဌာနသို့ ပြန်ပေထားကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က ပြောကြားသည်။
28-May-2017 tagged as ရေနံ မကွေး
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အတွင်းရှိ လက်ယက်တွင်းတိမ် ရေနံမှော်အချို့တွင် ရေနံအထွက်နှုန်း ကျဆင်းလာနေကြောင်း ရေနံတွင်းတိမ် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။