News

POST TAGGED AS

မူးယစ်

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် နေအိမ်သို့လာပြီး အရက်သောက်သုံးသူ ဧည့်သည်ကို အသက် ၃၆ နှစ်အရွယ် အိမ်ရှင်အမျိုးသားက အရက်ပုလင်းနှင့် ရိုက်သတ်မှု ဇန်နဝါရီလ ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။
11-Dec-2017 tagged as မူးယစ်
အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံ၊ လမ်းဘေး ပလပ်ဖောင်း၊ ကန်ပေါင်၊ လမ်းဆုံလမ်းခွ၊ ခုံးကျော်တံတား စသည့် နေရာများတွင် ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားနေသူ အယောက် ၂၀ဝ၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ရန်ကုန်ရဲအက် ဥပဒေပုဒ်မဖြင့် အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အသိပေး ထုတ်ပြန်ခဲ့သည်။
01-Nov-2017 tagged as မူးယစ် ပဲခူး
ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးမြို့နယ်​၊ မြို့​ပေါ်ရပ်ကွက်များရှိ အများနှင့် သက်​ဆိုင်​သည့်နေရာများတွင်​ မူးယစ်​သောက်​စားနေသူများကို ဖမ်းဆီး အရေးယူ​​မည်​ဖြစ်​ကြောင်း ပဲခူးတိုင်းဒေသကြီး၊ ရဲတပ်​ဖွဲ့မှူး ရဲမှူးကြီးစိန်​လွင်​က ​ပြောကြားသည်။
12-Sep-2017 tagged as မူးယစ်
ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းပေါ်၌ စက်တင်ဘာလ ၁၁ ရက်နေ့ ညက ဓားရှည်တစ်ချောင်းကိုင်ကာ မူးယစ်ရမ်းကားခဲ့သူကို လက်နက်ပုဒ်မဖြင့် တရားရုံးစွဲတင်ရန် စီစဉ်နေကြောင်း အောင်ပင်လယ် နယ်မြေရဲစခန်းထံမှ သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် နာတာရှည် နှလုံးရောဂါဖြင့် ဆေးကုသမှု ခံယူနေရသော မူးယစ်အကျဉ်းသား အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၄ ရက်နေ့ နံနက်က သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ အကျဉ်းဦးစီးဌာနထံမှ သိရသည်။
23-Jun-2017 tagged as မူးယစ်
ဒဂုံမြို့နယ် ဦးဝိစာရလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင် မူးယစ်ရမ်းကားခဲ့ပြီး ဘေးအန္တရာယ် ဖြစ်စေနိုင်သော လက်နက်ကိုင်ဆောင်ခဲ့သည်ဟု ဆိုကာ ဖမ်းဆီးခံရသည့် တေးသံရှင် ထူးအယ်လင်းနှင့် ကော်ဘရာတို့ကို ဇွန်လ ၂၃ ရက်နေ့က ဒဂုံမြို့နယ်တရားရုံးက အာမခံ ပေးလိုက်သည်။
နိုင်ငံတစ်ဝန်းရှိ မူးယစ်တားဆီး နှိမ်နင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် တပ်ဖွဲ့ဝင် အင်အား နည်းပါးနေသောကြောင့် ယခုနှစ်အတွင်း အရာရှိ အဆင့်နှင့် အခြားအဆင့် တပ်ဖွဲ့ဝင် အင်အား ဦးရေ ၅ဝဝ ခန့် တိုးမြှင့် ချထားပေးရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ထံ တင်ပြ တောင်းဆိုထားကြောင်း