News

POST TAGGED AS

မူးယစ်ဆေးဝါး

မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ တင်သွင်းမှုမှ အဓိကတရားခံဖြစ်သူဟုဆိုသော မောင်မောင် (ခ) Hj Yassin အပါအဝင် အပေါင်းအပါတစ်စုကို ဇွန်လ ၂၉ ရက် (ယနေ့) တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ မူး/စိတ် ပုဒ်မများဖြင့် စတင်တရားစွဲဆိုခဲ့သည်။
ရဲတပ်ဖွဲ့၏ သတ်ဖြတ်နေသည့်ကိစ္စအများစုမှာ ငွေကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူးဟောင်းကပြောကြားသည်။ သူတို့ထံတွင် မူးယစ်ဆေးသံသယဖြင့် စောင့်ကြည့်နေသည့် စာရင်းဝင်များရှိနေကြောင်း၊ ထိုသူများမှသူတို့၏ ငွေတွင်းများဖြစ်နေပြီး သူတို့နှင့် မပူးပေါင်းလျှင် အပျောက်ရှင်းပစ်သည့် စနစ်ကို ကျင့်သုံးနေကြောင်းလည်း သိရသည်။
28-Jun-2018 tagged as မူးယစ်ဆေးဝါး
နိုင်ငံတော်သမ္မတရုံး မူးယစ်ဆေးဝါးအထူးတိုင်ကြားရေးဌာနသို့ မူးယစ်ဆေး ထုတ်လုပ်၊ ရောင်းဝယ်မှုဆိုင်ရာ သတင်းပေးတိုင်ကြားရာတွင် ဖြစ်စဉ်ကိုဖော်ထုတ် ဖမ်းမိပါက တိုင်ကြားသူအား အနိမ့်ဆုံး ကျပ် သိန်း ၁၃၀ ခန့် ချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
27-Jun-2018 tagged as မူးယစ်ဆေးဝါး
မူးယစ်ဆေးဝါးရေးရာ မူဝါဒပြောင်းလဲရေး ထောက်ခံဆွေးနွေးမှုအဖွဲ့-မြန်မာနှင့် မိတ်ဖက်လူမှုအဖွဲ့အစည်းများက ပြည်သူ့ကျန်းမာရေးနှင့် လူ့အခွင့်အရေးကို ဦးစားပေးသည့် မူးယစ်ဆေးဝါးမူဝါဒ ပေါ်ပေါက်ရေးအပြင် အခြားသောကိစ္စရပ်များအတွက် ကမ်ပိန်းကို လုပ်ဆောင်လျက်ရှိကြောင်း ယင်းအဖွဲ့မှ ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ နန်းပန်းအိခမ်းက ပြောကြားသည်။
26-Jun-2018 tagged as မူးယစ်ဆေးဝါး
မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွဲ့က တိုက်ရိုက် ဖမ်းဆီးဖော်ထုတ်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
နယ်စပ်နှင့် ပြည်တွင်းဒေသရှိ မူးယစ်ဆေးဝါး ရှာဖွေတားဆီးရေး လုပ်ငန်းအတွက် ကျပ်သိန်း သုံးသောင်းကျော်ရှိ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ရန် တရုတ်နိုင်ငံနှင့် သဘောတူ လက်မှတ်ရေးထိုးထားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စိုးလင်းက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့ မြို့မကွက်သစ်ရပ်ရှိ နေအိမ်တစ်လုံးကို ဇွန်​လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဝင်ရောက်ရှာဖွေခဲ့ရာ အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၇၈၀ ပြားအပါအဝင် ထိုင်းဘတ်ငွေ ၆၅၀၀၀ နှင့် မြန်မာကျပ်ငွေ ၆၀၀၀၀ ဖမ်းဆီးရမိကြောင်း မိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။
မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်ပတ်သက်သော ကွင်းဆက်တရားခံများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ရာ တရားခံများ ပိုင်ဆိုင်သည့်မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းများကိုစိစစ်ခဲ့ရာ မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းများ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်ကို ထိန်းသိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
ထားဝယ်မြို့တွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် လုပ်ငန်းရှင် အမျိုးသားတစ်ဦးကို ဇွန်လ ၁၂ ရက်ညက မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးလိုက်သည်။
ရှမ်းပြည်နယ် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ဦးအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူသုံးဦးကို ဖမ်းမိကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု (၃၀) ထံမှ သိရသည်။