News

POST TAGGED AS

မူးယစ်ဆေးဝါး

“စီရင်ချက်၊ ရှလီကျန်းနှင့် ဟောင်ကျန်းရီတို့ နှစ်ဦးအား ကွင်းလယ်ကိုထုတ်ပြီး ချက်ချင်းပစ်သတ်စေ”ဟု စီရင်ချက်ကို ဖတ်ပြလိုက်သည်။ ထိုနေ့က မူးယစ်ဆေးဝါးပြစ်မှုအတွက် ချက်ချင်းပစ်သတ်ခံရသူ တရားခံနှစ်ဦးအပြင် အခြား ၆ ဦးလည်းရှိသေးသည်။ သူတို့က အခြားပြစ်မှုများကြောင့်ဖြစ်ပြီး ဟိုင်းကောင် အားကစားကွင်းအတွင်း ထိုနေ့က သေဒဏ်စီရင်ခြင်းခံရသူမှာ ၈ ဦးဖြစ်သည်။
24-Jul-2018 tagged as မူးယစ်ဆေးဝါး
မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ဆောင်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အောက်မှ ရဲအရာရှိ ၄၄ ဦးကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ ဇူလိုင်လ ၂၃ ရက်နေ့က ပြောင်းရွှေ့ပေးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စု မိုးကောင်းရွာနေ အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူ အမှတ် ၃ နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ဧရာဝတီတိုင်း ဖျာပုံမြို့တွင် ဇူလိုင် ၁၁ ရက်နေ့က WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား ၂၆၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖျာပုံမြို့မရဲစခန်းထံမှ သိရသည်။
မလေးရှားမူးယစ်အမှု၏ ကွင်းဆက်တရားခံဆိုသည့် အောင်လွင် (ခ) ထားဝယ်ကြီးကို ဇူလိုင်လ ၁၂ ရက်နေ့က ထားဝယ်ခရိုင် တရားရုံးတွင် စတင်တရားစွဲဆိုလိုက်သည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံရသူ ဩစတြေးလျနိုင်ငံသား မစ္စတာ ရော့ဒန်ကလေ အပါအဝင် ၇ ဦးကို ဇူလိုင်လ ၁၂ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း အမှုကို မစစ်ဆေးဖြစ်သေးကြောင်း ယင်းတရားရုံးထံမှ သိရသည်။
လူဦးရေ ထူထပ်လှသည့် ရန်ကုန် တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ ပါဝင်သော အမှုကြီးပေါင်း ၃၀၀ နီးပါးအထိ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ စပ်စံထွန်းလမ်းနှင့်မိုးမခလမ်းထောင့်တွင် ဇူလိုင်လ ၈ ရက် ညနေ ၆ နာရီခန့်က မူးယစ်ဆေးဝါးများရောင်းချသည်ဟုဆိုသော အသက် ၁၆ နှစ်မှ ၁၇ နှစ်အရွယ် လူငယ်သုံးဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်တံတားထိပ်တွင် သထုံဘက်ခြားမှလာသည့် ကား ၂ စီးတွင် YW စာတမ်းပါ ပန်းရောင်နှင့်အစိမ်းရောင် ဆေးပြား ၁၅၅၀၀၅ ပြားကို တရားခံ ၅ ဦးနှင့်အတူ ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းအချိန်တွင် ဖမ်းမိကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။
ဘူးသီးတောင်မြို့နယ် လိုင်ရှည်ပြင် ကျေးရွာအနီး လမုတော၌ ဝှက်ထားသည့် ကျပ်သိန်း သုံးသောင်းကျော်ဖိုးရှိ ပိုင်ရှင်မဲ့ WY စိတ်ကြွဆေးပြားရေ ၁၆ သိန်းခန့်ကို ဖမ်းမိကြောင်း ဘူးသီးတောင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။