News

POST TAGGED AS

မူးယစ်ဆေးဝါး

15-Aug-2018 tagged as မူးယစ်ဆေးဝါး
အဆိုတော် ရသ အပါအဝင် သုံးဦးကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးရမိပြီး အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် စံချိန်တင်အရေအတွက်အဖြစ် တာချီလိတ်မြို့နယ် ယမ်းခေါင်ရွာအနီး လွယ်စီတုံ-မိုင်းဟဲ လမ်းပေါ်၌ ဩဂုတ် ၁၀ ရက်နေ့ ည ၉ နာရီခွဲခန့်က စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်းခန့် စံချိန်တင်ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု (၃၀) ထံမှ သိရသည်။
ရန်ကုန်စာတိုက်ကြီး၊ ပြည်ပ စာပို့လုပ်ငန်း အကောက်ခွန် စစ်ဆေးရေးဌာနတွင် ဩဂုတ်လ ၈ ရက် ညနေ ၅ နာရီခွဲခန့်က အမေရိကန်ပြည်ထောင်စုမှ ပေးပို့သည့် အထုပ်တစ်ထုပ်အတွင်းမှ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှစုံစမ်းသိရသည်။
မန္တလေးမြို့ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်ဖြင့် ကျပ်သိန်းသုံးထောင်ကျော်ဖိုးရှိ ဘိန်းဖြူများ သယ်ဆောင်လာသူ အမျိုးသားတစ်ဦး ဩဂုတ်လ ၈ ရက်နေ့က ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ဩဂုတ်လ ၇ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က ကျပ်သိန်း ၃၀၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ခြောက်လုံး ပြူးသေနတ်တစ်လက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ခမ်းပတ်နယ်မြေရဲစခန်းထံမှ သိရသည်။
မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အထက်ဗဟိုလမ်း မုဒိတာအိမ်ရာ (၁) ရှိ တိုက်ခန်းတစ်ခန်းတွင် ဩဂုတ်လ ၇ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။
မင်္ဂလာဒုံ စက်မှုဇုန်ဝင်းတွင် လွန်ခဲ့သည့် သုံးနှစ်ကျော်က ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ကျပ်ဘီလီယံ ၁၄၀ နီးပါးရှိသော စိတ်ကြွဆေးပြားများ စံချိန်တင် ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကုလားတန် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီပိုင်ရှင်ဖြစ်သူ မင်းဦးခိုင် အပါအဝင် ၁၀ ဦးကို ဩဂုတ်လ ၈ ရက်နေ့က မူး/စိတ်ပုဒ်မ ၂၀ (က)/၂၁ တို့ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးထံမှသိရသည်။
08-Aug-2018 tagged as မူးယစ်ဆေးဝါး
မင်္ဂလာဒုံ စက်မှုဇုန်ဝင်းအတွင်း လွန်ခဲ့သည့်သုံးနှစ်ကျော်က ကွန်တိန်နာယာဉ်တစ်စီးပေါ်မှ ကျပ်ဘီလီယံ ၁၄၀ နီးပါးရှိသော စိတ်ကြွဆေးပြားများ စံချိန်တင် ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကုလားတန်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးကုမ္ပဏီပိုင်ရှင် မင်းဦးခိုင် အပါအဝင် ၁၀ ဦးကို မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့ မွန်းလွဲပိုင်းတွင် မူး/စိတ် ပုဒ်မ ၂၀ (က)/ ၂၁ ဖြင့် စွဲချက်တင် အမိန့်ချမှတ်လိုက်သည်။
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၃ နာရီခွဲခန့်က ခိုးဝင်ထိုင်းနိုင်ငံသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မင်္ဂလာဒုံ စက်မှုဇုန်တွင် လွန်ခဲ့သည့် သုံးနှစ်ခန့်က ကွန်တိန်နာယာဉ်တစ်စီးပေါ်မှ ကျပ်ဘီလီယံ ၁၄၀ နီးပါးရှိ စိတ်ကြွဆေးပြားများ စံချိန်တင်ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရားစွဲဆိုထားသူ ၁၀ ဦးကို လာမည့် ဩဂုတ်လ ၈ ရက်နေ့တွင် စွဲချက် တင်သင့် မတင်သင့် အမိန့်ချမှတ်မည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။