News

POST TAGGED AS

မူးယစ်ဆေးဝါး

တာချီလိတ်တွင် ခိုးဝင်ထိုင်းနိုင်ငံသားတစ်ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းမိ

ကျိုင်းတုံ၊ဩဂုတ် ၎

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၃ နာရီခွဲခန့်က ခိုးဝင်ထိုင်းနိုင်ငံသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“လှည်းကင်းအဖွဲ့က လမ်းလျှောက်လာတဲ့ ထိုင်းနိုင်ငံသားကို စစ်လိုက်တော့ ဆေးပြားတွေ ဖမ်းမိတာပါ။ နှစ်နိုင်ငံနယ်စပ် ရေချောင်းကနေ ခိုးဝင်လာလို့ မူးယစ်အမှု အပါအဝင် လဝကအမှုနဲ့ပါ အရေးယူထားတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ခိုးဝင်ထိုင်းနိုင်ငံသား Mr.Nakarin Mauengkeaw (၃၄ နှစ်) ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၊ ထိုင်းဘတ်ငွေ ၁၂၀၀ ၊ ယာဉ်မောင်းလိုင်စင်တစ်ခု၊လက်ကိုင်ဖုန်းတစ်လုံးနှင့် ATM ကဒ်တစ်ခုတို့ကို ဖမ်းဆီးရမိခဲ့၍ ၎င်းကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မများ အပါအဝင် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မတို့ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US