News

POST TAGGED AS

မူးယစ်ဆေးဝါး

ကိုကာကိုလာသည် ကဖင်းအခြေခံ ဖျော်ရည်ကြောင့် လူသိများထင်ရှားသော သီးသန့်အမည်တစ်ခုဖြစ်သော်လည်း ကုမ္ပဏီသည် ယခုအခါ ကွဲပြားသော မူးယစ်ဆေးတစ်မျိုးဖြစ်သည့် ဆေးခြောက်နှင့် ဖျော်ရည်စပ်ရန် စမ်းသပ်နေပုံရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
17-Sep-2018 tagged as မူးယစ်ဆေးဝါး
ယနေ့ “ကမ္ဘာရွာ” လို့ တင်စားခေါ်ဆိုနေကြသလို၊ တစ်နေရာကဖြစ်နေတဲ့ ဖြစ်ရပ်ကို ကမ္ဘာ့အခြားတစ်နေရာက အချိန်နှင့်တစ်ပြေးညီ သိနေနိုင်တယ်။ ကျန်းမာရေး၊ ပညာပေးလှုံ့ဆော်တဲ့အခါမှာ ဆေးရွက်ကြီး၊ ဆေးလိပ်၊ ကွမ်းယာ၊ မူးယစ်ဆေး၊ စိတ်ကြွဆေး၊ အရက်စွဲပြဿနာတွေဟာ လူမှုပတ်ဝန်းကျင်မှာ မဆုံးနိုင်မြင်တွေ့နေရပါတယ်။ မူးယစ်ဆေး၊ စိတ်ကြွဆေးနဲ့ အရက်တို့ကြောင့် မုဒိမ်းမှု၊ ရန်ဖြစ်ခြင်းနဲ့ ရာဇဝတ်မှုအများအပြား ဖြစ်စေပါတယ်။
အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်အနီး ထန်းတောရပ်ကွက်ရှိ အဆောင်များတွင်နေထိုင်သော တက္ကသိုလ်ကျောင်းသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများ စက်တင်ဘာလ ၁၄ ရက်နေ့ညက ဖမ်းမိခဲ့ကြောင်း အမရပူရမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်စာတိုက်ကြီး ပြည်ပအကောက်ခွန် စစ်ဆေးရေးဌာနတွင် စက်တင်ဘာလ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်က မူးယစ်ဆေးဝါးများ ထပ်မံတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာအုပ်စု သရက်ကုန်းရွာနေ အိမ်တစ်အိမ်တွင် စက်တင်ဘာ ၁၃ ရက် ည ၆ နာရီခွဲခန့်က စိတ်ကြွရူးသွပ်ဆေး သုံးစွဲရောင်းချနေသူလေးဦးကို WY ဆေးပြား ၄၀၀ ခန့်နှင့်အတူ ဖမ်းမိခဲ့ကြောင်း တောင်ငူ အမှတ် (၂) ရဲစခန်းထံမှသိရှိရသည်။
14-Sep-2018 tagged as မူးယစ်ဆေးဝါး
“ကျွန်တော်တို့ အားလုံးသိတဲ့အတိုင်းပဲ မူးယစ်ဆေးဝါးက များလာဖို့ပဲရှိတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ကို စစ်အေးတိုက်တာလို့ ပြောလို့ရတယ်၊ လူကြီးတွေ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး၊ သိတယ်ဆိုပေမယ့် သူတို့အားလုံးက ပါတနာတွေ ဖြစ်နေတယ်ဆိုတော့ သေသေချာချာ အရေးယူလို့မရတော့ဘူးပေါ့၊ ပြောမယ်ဆို အုပ်ချုပ်တဲ့လူကြီးတွေလိုတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။
မိုးကုတ်မြို့နယ် လယ်ကြီးစစ်ဆေးရေးဂိတ်တွင် ယာဉ်တစ်စီးပေါ်မှ ကျပ် သိန်း ၅၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ စက်တင်ဘာလ ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်က ခရီးသည်တင်ယာဉ်တစ်စီးပေါ် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးထံမှ မိန်းမကိုယ်အတွင်းဝှက်၍ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၅) ကလေးမြို့မှသိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုး ကျေးရွာတွင် နေအိမ်အတွင်း မူးယစ်ဆေးဝါး အကြွေးစာရင်းနှင့်အတူ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတစ်ဦးနှင့် ကွင်းဆက် တရားခံ ၄ ဦးကို စက်တင်ဘာ ၇ ရက်က မူးယစ်အထူးအဖွဲ့မှ ဖမ်းဆီးလိုက်သည်။
မွန်ပြည်နယ်တွင် ၈ လအတွင်း မူးယစ်းဆေးဝါးအမှုပေါင်း ၂၃၀ မှုကျော် ဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။