News

POST TAGGED AS

မူးယစ်ဆေးဝါး

မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ဟိုက်ဒရိုကလိုရစ်အက် စစ် ကျပ်သိန်း ၆၀ဝ၀ ကျော်တန်ဖိုး ဖမ်း ဆီးရမိခဲ့သော်လည်း သယ်ဆောင်လာ သည့် အမျိုးသားနှစ်ဦးထွက်ပြေးလွတ် မြောက်သွားကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့(မန္တလေး-တောင်ပိုင်း) ထံမှ သိရသည်။
လက်နက်နှင့် မူးယစ်ဆေးဝါးများ တွေ့ရှိမှုကြောင့် ဖမ်းဆီးခံထားရသည့် ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် နေပြည်တော် ဟိုတယ် ACE တွင် အောက်တိုဘာလ ၁၇ ရက်နေ့က လက်နက် ကိုးလက်နှင့် ကျည်ဆန်၊ ကျည်အိမ်များ ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သည့် အားကစား ဝန်ကြီးဟောင်း၏သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းအား လယ်ဝေးမြို့နယ် တရားရုံးတွင် အောက်တိုဘာလ ၁၆ ရက်နေ့က ချုပ်ရမန် ယူထားပြီး ယင်းအမှု ကွင်းဆက်မှ ၎င်းအပါအဝင် ၁၂ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ပြောကြားသည်။
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ ငွေဝတ်မှုန်ရိပ်သာလမ်းရှိ ဦးဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်ထဲမှ ကျည်ဆန်၊ စနိုက်ပါမှန်ပြောင်း၊ မူးယစ်ဆေးဝါးများနှင့် အခြားပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းတစ်ခု၏ အမည်နာမဖြင့် တည်ထောင်ရန် ကြံစည်နေသော ဝန်ကြီးဟောင်း၏သားဖြစ်သူ ACE ကုမ္ပဏီပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးကို ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်ရုံးဝန်းရှိ စစ်ကြောရေးအခန်းတွင် စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာပတ်လမ်းရှိ ACE ဟိုတယ်ကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဝင်ရောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသော်လည်း လက်နက်နှင့် မူးယစ်ဆေးဝါးများ ထပ်မံ ဖမ်းဆီးရမိမှု ရှိ မရှိကိုမူ အတည်ပြု ဖြေကြားခြင်း မရှိသေးပေ။
ကျောက်တံတားမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ Ruby Mart ရှေ့တွင် အောက်တိုဘာလ ၁၁ ရက် ည ၉ နာရီခန့်က ကျပ်သိန်း ၇၀ နီးပါးတန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားနှင့်အတူ အသက် ၄၆ နှစ် အရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျိုင်းတုံ-တာချီလိတ်လမ်း နောင်နွန်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က တုံတာမြို့ ခေတ္တ အုပ်ချုပ်ရေးမှူး၏ ကားကို စစ်ဆေးရှာဖွေရာမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုထံမှ သိရသည်။
02-Oct-2017 tagged as မူးယစ်ဆေးဝါး
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ အမှတ်(၈၂၈) ထောက်/ပို့တပ်မှ တပ်သားနှစ်ဦးကို မူးယစ်ဆေးဝါး သယ်ဆောင်မှုဖြင့် ဖမ်းဆီး အရေးယူလျှက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
30-Sep-2017 tagged as မူးယစ်ဆေးဝါး
မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် သီရိမွန် ၁၀ လမ်းရှိ Galaxy Star Motel ရှေ့တွင် စက်တင်ဘာလ ၂၇ ရက် နံနက် ၁၁ နာရီက Honda Fit အမျိုးအစားယာဉ် တစ်စီးပေါ်မှ တန်ဖိုးငွေကျပ် သိန်း ၄၆၂၀ ရှိ စိတ်ကြွဆေးပြားကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။