News

POST TAGGED AS

မူဝါဒ

အမြန်လမ်းတွင် လျှပ်စစ်ကားများ အားသွင်းရန်နေရာများ တည်ဆောက်မည်
နေပြည်တော်၊ ဒီဇင်ဘာ၂၅

မြန်မာနိုင်ငံတွင် ဒီဇယ်နှင့် ဓာတ်ဆီ အသုံးပြုမှုအစား လာမည့်နှစ်အနည်းငယ်အတွင်း လျှပ်စစ်မော်တော်ကားများ ဓာတ်အားသွင်းနိုင်ရန်အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင် ၅၀ တစ်ဖြတ်တွင် Solar Charging Station (နေရောင်ခြည်သုံး ဓာတ်အားဖြည့်ရန်နေရာ) များ တည်ဆောက်ရန် စီမံချက်များ ရေးဆွဲနေကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။

မော်တော်ယာဉ်မူဝါဒသစ်တွင် လျှပ်စစ်မော်တော်ကားများနှင့် ပတ်သက်ပြီး ထည့်သွင်ရေးဆွဲထားကြောင်း သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုမရှိသည့် လျှပ်စစ်မော်တော်ကားများကို ပြည်သူလူထု သုံးစွဲနိုင်ရန်အတွက် ထုတ်လုပ်ရန်ကြိုးစားမည့်အပြင် အဆိုပါကားများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် နေရာတိုင်းတွင် ဆိုလာစတေရှင်များ တည်ဆောက်မည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီပေါ်တွင် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း  ဦးကိုကိုလွင်က ဆိုသည်။

လျှပ်စစ်သုံး ဘက်ထရီကားများ ထုတ်လုပ်ရန် နည်းပညာ လွှဲပြောင်းရယူဆောင်ရွက်ရန် ပြည်ပကုမ္ပဏီများက စက်မှုဝန်ကြီးဌာနနှင့် လာရောက်ဆွေးနွေးလျက်ရှိပြီး လျပ်စစ်ကားများအတွက် စတေးရှင်ထောင်ပေးရန် လိုအပ်သဖြင့် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က အသိပေးသည်။

နိုင်ငံတကာတွင် လောင်စာစွမ်းအင်သုံးကားများသည် ပတ်ဝန်ကျင်ထိခိုက်မှု ရှိလာသဖြင့် လျှပ်စစ်ကားများကို ပြောင်းလဲသုံးစွဲရန် စီစဉ်လျက်ရှိရာ တရုတ်နိုင်ငံသည် ၂၀၃၀ တွင် လျပ်စစ်ကားများကို စတင်သုံးစွဲရန် စီစဉ်လျက်ရှိပြီး ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားများ သုံးစွဲရေးအတွက် ဝါဒများတွင် ထည့်သွင်းရေးဆွဲထားသည့် အနေအထားများရှိသည်ဟု မန္တလေးမြိုမှ သဘာဝပတ်ဝန်းကျင် သုတေသီတစ်ဦးဖြစ်သူ ဦးလှချစ်ကသူ ထင်မြင်ချက်ကို ပြောကြားသည်။

T.L



FOLLOW US