News

POST TAGGED AS

မူလတန်း

မူလတန်းပြ တစ်သောင်းကျော် ထပ်ခန့်


ရန်ကုန်၊ ဇွန် ၂၀

အစိုးရကျောင်းများတွင် မူလတန်းပြဆရာ သောင်းနှင့်ချီလိုအပ်နေရာ ထိုနေရာအတွက် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းဆင်းနှင့် ဆရာအတတ်ပညာ ဒီပလိုမာဘွဲ့သင်တန်းဆင်း မူလတန်းပြ တစ်သောင်းကျော် ယနေ့ ဇွန် ၂၁ ရက် ထပ်မံခန့်ထားကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရှိရသည်။

အခြေခံပညာဦးစီးဌာနအနေနှင့် ပညာရေးကောလိပ်များမှ PPTT (လုပ်ငန်းခွင့်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း) လက်မှတ်ရသူ ၅၅၀၀ ဦး ကျော်နှင့် DTED (ဆရာအတတ်ပညာ ဒီပလိုမာဘွဲ့) ရရှိသူ ၅၁၀၀ ကျော်ကို လစ်လပ်နေသည့်ကျောင်းများတွင် ခန့်ထားရန် တိုင်းနှင့်ပြည်နယ်ပညာရေးမှူးရုံးများသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်က “သူတို့ရဲ့ သင်တန်းလာတက်တဲ့ဒေသကို ကြည့်ပြီးခန့်တာ။ ဒါပေမဲ့ သူတို့ဒေသမှာ မလပ်ရင်တော့ မရနိုင်ဘူးပေါ့။ သူတို့ဒေသနဲ့ အနီးစပ်ဆုံးကိုတော့ခန့်တာပေါ့” ဟု ပြောကြားသည်။

ဇွန်လ ၂၁ ရက်တွင် ပညာရေးတက္ကသိုလ်မှ B.Ed (ပညာရေးဘွဲ့) ဆင်း ၅၆၀ ဦး ကိုလည်း အထက်တန်းပြများအဖြစ် ခန့်ထားမည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနအနေနှင့် ယခုနှစ်တွင် အခြေခံပညာကျောင်း ၆၀၀၀ ကျော်ကို အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး အဆင့်တိုးကျောင်းများတွင် ဆရာ၊ ဆရာမများလိုအပ်နေခြင်း ဖြစ်သည်။

J-19



FOLLOW US