News

POST TAGGED AS

မူဆယ်

21-Nov-2016 tagged as မူဆယ်
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင်း ယနေ့ (နိုဝင်ဘာ ၂၁ ရက်) ည ၈ နာရီ ၄၅ မိနစ် အချိန်မှ စတင်ကာ ည ၁၀ နာရီ ဝန်းကျင်အထိ ပစ်ခတ်မှု အသံများ ကြားခဲ့ရကြောင်း မူဆယ် ကရုဏာ လူမှုကူညီရေး အသင်းမှ ဥက္ကဋ္ဌ ဖြစ်သူ ဦးသောင်းထွန်းက အတည်ပြု ပြောကြားသည်။
“၁၀၅ မိုင်နဲ့ကုန်သွယ်မှုဇုန်ကို လက်နက်ကိုင်အဖွဲ့တွေဝင်ပစ်တယ်တိုက်ပွဲတွေဖြစ်နေတယ်လို့ကြားတာနဲ့ ဆိုင်ကိုနေ့ခင်း တစ်နာရီလောက်မှာပိတ်လိုက်တာပါ။ ဒီနေ့တော့မနက်ထဲကပြန်ဖွင့်ပါတယ်” ဟု လားရှိုးမြို့ရှိ အာသောကစက်သုံးဆီ အရောင်းဆိုင်မှ ဒေါ်အေးအေးက ပြောဆိုသည်
KIA နှင့် TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက မူဆယ်မြို့၏ တောင်ဘက် မိုင် ၂၀ ခန့် အကွာရှိ နမ့်အွန်ကျေးရွာအဝင် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ခရီးသည်နှင့် ကုန်တင်ယာဉ်များ သွားလာ၍ မရစေရန် ယာဉ်များပိတ်ဆို့ထားရှိခဲ့မှုကို ယနေ့ (နိုဝင်ဘာ ၂၁ ရက်) တွင် ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်ရာ ယာဉ်များ ပုံမှန်သွားလာနိုင်ပြီ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။
ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်အနီးရှိ မူဆယ်ကုန်သွယ်ရေးဇုန်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။