News

POST TAGGED AS

မူဆယ်

24-Nov-2016 tagged as မူဆယ်
မူဆယ်ခရိုင်အတွင်း ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းမှန်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးနေသောကြောင့် ကောလာဟလ သတင်းများအပေါ် မစိုးရိမ်ကြရန် မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ယနေ့ (နိုဝင်ဘာ ၂၄ နေ့) က ကြေညာချက် ထုတ်ပြန်လိုက်သည်။
23-Nov-2016 tagged as မူဆယ်
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေသော မြန်မာစစ်ပြေး ဒုက္ခသည်များနှင့် ပတ်သက်၍ နှစ်နိုင်ငံ အစည်းအဝေးကို ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
23-Nov-2016 tagged as မူဆယ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် (လားရှိုး - မူဆယ် လမ်းပိုင်း) သွားလာနေသည့် မော်တော်ယာဉ်များကို မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုက တားဆီးပိတ်ဆို့ကာ သော့များကို သိမ်းယူ၍ ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ကြောင်း ကိုယ်တွေ့ ကြုံခံရသူနှင့် ဒေသခံ ခရီးသွားများထံမှ စုံစမ်း သိရှိရသည်။
23-Nov-2016 tagged as မူဆယ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နှင့် ကွတ်ခိုင် အနီးတို့တွင် နိုဝင်ဘာလ ၂ဝ ရက်နေ့မှစ၍ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လမ်းကြောင်းများ ပိတ်ဆို့ပြီး တရုတ်သို့ တင်ပို့သည့် ကဏန်းအမာ အကောင်ရေ တစ်သိန်း နီးပါးမှာ သေဆုံးကုန်သည့်အတွက် မူဆယ်လမ်းပေါ်တွင် စွန့်ပစ်ခဲ့ရကြောင်း ကဏန်း မွေးမြူတင်ပို့ သူများထံမှ သိရသည်။
23-Nov-2016 tagged as မူဆယ်
မူဆယ်မြို့နယ်အတွင်း ကောလာဟလများကို မယုံကြည်ရန်နှင့် နေအိမ်စွန့်ခွာမှုများ မပြုလုပ်ကြရန် မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အများပြည်သူများထံသို့ အသိပေးကြေညာချက်ကို ယနေ့(နိုဝင်ဘာလ ၂၃ရက်)တွင် ထုတ်ပြန်လိုက်သည်
23-Nov-2016 tagged as မူဆယ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် စစ်ဘေးရှောင်သူများကို သွားရောက် ခေါ်ဆောင်မည့် လူမှုကယ်ဆယ်ရေး မော်တော်ယာဉ် ပစ်ခတ်ခံရမှုကြောင့် စစ်ဘေးရှောင်များကို ကယ်ထုတ်နိုင်ခြင်း မရှိခဲ့ကြောင်း ၁ဝ၅ မိုင် ပါရမီ လူမှုကူညီရေး အသင်းထံမှ သိရသည်။
“မိုင်းယု၊ နန့်ဟွယ်၊ မန့်မော် ကျေးရွာက ဒေသခံ ၃၀၀၀ ကျော်ကမူဆယ်မြို့ပေါ်ကို စစ်ဘေးရှောင်လာကြတယ်၊ မူဆယ်မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ပြည်သူတွေကို ထားရှိပေးထားပါတယ်။ အစားအစာအတွက်မပူရပေမဲ့ ဆောင်းတွင်းဆိုတော့ ခြုံထည်အနွေးစောင်တွေ အရေးကြီးလိုအပ်နေပါတယ်”
22-Nov-2016 tagged as မူဆယ်
ယနေ့ (နိုဝင်ဘာ ၂၂ ရက်) မွန်းလွဲ ၁ နာရီခွဲတွင် မူဆယ်တစ်မြို့လုံး တိတ်ဆိတ်ကာ ပြည်သူအားလုံး အိမ်ပြင်မထွက်ကြဘဲ ပုန်းအောင်းနေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
22-Nov-2016 tagged as မူဆယ်
နမ့်ပေါ်တံတား ရဲကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်သုံးဦး၏ ဈာပနကို ယနေ့ (နိုဝင်ဘာ ၂၂ ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်က မူဆယ်သုသာန်၌ ပြုလုပ်မည်ဖြစ်ရာ ယင်းနာရေးယာဉ်တန်းနှင့် မူဆယ်ဈေးကို လက်နက်ကိုင်များက ဝင်တိုက်တိုက်ခိုက်မည် ဆိုသည့် ကောလာဟလ သတင်းများ ထွက်ပေါ်လာခြင်းကြောင့် မူဆယ်တွင် ဒေသခံများအကြား ရုတ်ရုတ်သဲသဲဖြစ်ပြီး ဈေးအနီးဝန်းကျင်ရှိ ဆိုင်များနှင့် စားသောက်ဆိုင်များ ပိတ်ကာ နေအိမ်သို့ ပြန်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
“အရက်စက်ဆုံးမြင်ကွင်းကို မြင်လိုက်ရတယ်။ အပြင်းအထန်ဆုံး တိုက်ပွဲကြားမှာ ရောက်ခဲ့တယ်”