News

POST TAGGED AS

မူဆယ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက TNLA လက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်တို့ တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ရာ လားရှိုး-မူဆယ်လမ်းတွင် အတက်အဆင်းယာဉ်များ နာရီပိုင်းခန့် အသွားအလာ ရပ်ထားခဲ့ရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ဒေသအနီး မူဆယ်မြို့တွင်ဖြစ်ပွားသော တိုက်ပွဲနှင့်ပတ်သက်၍ တရုတ်အစိုးရက တနင်္ဂနွေနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ယမန်နေ့ မေ ၁၂ ရက်က မူဆယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တရုတ်ပိုင်နက်အတွင်းသို့ ကျည်ဆန်ကျရောက်ခဲ့ကြောင်း (ထုတ်ပြန်ချက်တွင် အရမ်းမဲ့ပျံလာသော ကျည်ဆန်ဟု သုံးနှုန်းထားသည်) ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ယနေ့ မေ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်- နမ့်ခမ်းလမ်း ပန်ခန်းတံတားအနီးတွင် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်၍ ရဲအရာရှိတစ်ဦး၊ ပြည်သူ့စစ်သုံးဦးနှင့် အရပ်သားများ အပါအဝင် စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အင်းဝဘဏ်အနီးတွင် ဧပြီလ ၁၉ ရက်နေ့ည ၉ နာရီ မိနစ် ၂၀ ခန့်က အသံမိုင်းပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း မူဆယ်မြို့မစခန်းမှူး ဒုရဲမှူးအေးမြင့်ကပြောဆိုသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရန်အတွက် မူဆယ်မြို့တွင် ကုန်သွယ်မှုဗဟိုဌာနအသစ်တစ်ခုကို ဧပြီလတွင် ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောကြားသည်။
28-Mar-2018 tagged as မူဆယ် ကုန်သည်
တရုတ်အစိုးရဘက်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မူဆယ်ကုန်သည်များ၏ ဘဏ်အကောင့် ၂၀၀ နီးပါးကို စာရင်းပိတ်လိုက်သည့်အတွက်ကြောင့် ဟွန်ဒီ (တရားမဝင်လမ်းကြောင်း) စနစ်ဖြင့် ငွေလွှဲနေရကြောင်း မူဆယ် ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးလှမောင်က ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ြမို့ပေါ်တွင် သွားလာနေသူများနှင့် ဈေးဝယ်နေသူများကို ပုဆိန်ပုံစံလက် နက်ဖြင့် လိုက်ခုတ်နေသူတစ်ဦးကို ဖမ်းဆီးရမိပြီဟု ရဲတပ်ဖွဲ့ထံမှ သိရပါသည်။
တရုတ်နှစ်သစ်ကူးပွဲတော်ကာလ ရောက်ရှိတော့မည်ဖြစ်ရာ နိုင်ငံအတွင်း အထောက်အထားမပြည့်စုံဘဲ လာရောက်အလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီးအရေးယူမည်ဟု သတိပေးထားသည့်အတွက် အလုပ်ရှင်များက နေရပ်ပြန်ခိုင်းသည့် မြန်မာအလုပ်သမား ၂၀၀၀ ခန့်မှာ ယခုရက်ပိုင်းအတွင်း မူဆယ်သို့ ပြန်လည်ရောက်ရှိလာကြောင်း မူဆယ်မြို့ရှိ ကရုဏာလူမှု ကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်မှုဇုန် ကုန်စည်စစ်ဆေးရေးဌာနသို့ ဝင်ရောက်လာသည့် ၂၂ ဘီး ယာဉ်အောက်ပိုင်းမှ မိုင်းတစ်လုံး ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က တွေ့ရှိခဲ့ရကြောင်း မူဆယ် ၁၀၅ မိုင် ရဲကင်းမှ စုံစမ်းသိရှိရသည်။