News

POST TAGGED AS

မူဆယ်

တရုတ်အစိုးရက မြန်မာနိုင်ငံက တင်ပို့သည့် ကုန်ပစ္စည်းများကို ယခုရက်ပိုင်း၌ အဖမ်းအဆီးများပြားနေခြင်းကြောင့် မူဆယ် ၁၀၅ မိုင် ကုန်စည်ဈေးကွက်အတွင်း ကုန်သွယ်မှုလျော့ကျနေကြောင်း အဆိုပါ ဈေးကွက်အတွင်းရှိ ကုန်သည်များထံမှ သိရသည်။
04-Jul-2018 tagged as မူဆယ် သကြား
ပြည်ပမှတင်သွင်းလာသော သကြားကို မြန်မာနိုင်ငံမှတစ်ဆင့်ခံကာ ပြည်ပသို့ပြန်လည်တင်ပို့မှု (Re-export) ကို အစိုးရက ပြန်လည်ခွင့်ပြုထားသော်လည်း မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဝယ်ယူမှုလျော့ကျနေကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။
21-Jun-2018 tagged as တရုတ် မူဆယ်
မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်သွယ်မှုပြုလုပ်လျက်ရှိသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများကို တရုတ်နိုင်ငံဘက်က ပိတ်သိမ်းထားခြင်းကြောင့် ငွေလွှဲငွေသွင်းမှုများ မပြုလုပ်နိုင်သည့်အတွက် နယ်စပ်ဒေသမှ ဆန်ဝယ်ယူမှုကို ရပ်တန့်ထားကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် မြို့ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများနှင့် ဘော်ဒါ ဆောင်များကို ကေအိုင်အိုလက်နက်ကိုင်အဖွဲ့က ငွေတောင်းခံစာ ပေးပို့ပြီးနောက် မူဆယ်မြို့ အစိုးရကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများကို လုံခြုံရေးပေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
20-Jun-2018 tagged as မူဆယ် ကုန်သည်
မူဆယ်ကုန်သည်များ၏ ဘဏ်စာရင်းအချို့ကို တရုတ်အာဏာပိုင်များက ပြန်လည်ဖွင့်ပေးခဲ့ပြီး ကျန်ရှိသည့်အကောင့်များကိုလည်း စိစစ်ဖွင့်လှစ်ပေးရန် စီးပွား/ကူးသန်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ယခုလအတွင်း သွားရောက်ခဲ့သည့် တရုတ်ကူမင်းခရီးစဉ်တွင် တောင်းဆိုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။
တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားခြောက်ဦး မှိုအဆိပ်သင့်ခဲ့ခြင်းကြောင့် မူဆယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၁၆ ရက်နေ့က ယင်းလူနာခြောက်ဦးအနက် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း ၎င်းတို့ကို ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိ ရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဆင်ဖြူဂိတ် မြန်မာဘက်အခြမ်းတွင် မြန်မာနိုင်ငံဘက်မှ စားသောက်ကုန်များကို တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်မပြုရာမှအစပြု၍ ဇွန်လ ၄ ရက်နေ့တွင် လူအများနှင့် သုံးဘီးယာဉ်များ ပိတ်မိခဲ့ပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း မူဆယ်မြို့နယ်၊ ရဲတပ်ဖွဲ့ထံမှသိရသည်။
27-May-2018 tagged as မူဆယ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ မြန်မာ- တရုတ်နှစ်နိုင်ငံ ဝင်ထွက်ဂိတ်ပေါက်များ၌ မြန်မာနိုင်ငံဘက်မှ ဝင်ရောက်သူများကို တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့က လက်ဗွေယူကာ စစ်ဆေးနေမှုကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရ၍ အခက်တွေ့ရကြောင်း ယင်းသွားလာသူများထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့သူ မြန်မာနိုင်ငံသား ၁၀ဝ နီးပါးကို မေလ ၁၈ ရက်နေ့တွင် တရုတ်အစိုးရက ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း မူဆယ် လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ ၇ ထံမှ သိရသည်။
တရုတ်နိုင်ငံဘက်တွင် သရက်သီးအထွက်များသောကြောင့် မူဆယ်နယ်စပ်ဈေးကွက်တွင် ပြည်တွင်းသရက်သီးဈေးနှုန်းမှာ ယခင်နှစ်ကအောက် ဈေးကျသွားကြောင်း မူဆယ်သစ်သီးကုန်သည်များထံမှ သိရသည်။