News

POST TAGGED AS

မိုးလေဝသ

19-Jul-2018 tagged as မိုးလေဝသ
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
18-Jul-2018 tagged as မိုးလေဝသ
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ယင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသများတွင် မိုးကြီးနိုင်ပြီး မိုးသက်လေပြင်းကျနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
25-Jun-2018 tagged as မိုးလေဝသ
အနောက်တောင် မုတ်သုံလေသည် ယခုလကုန်အထိ အားကောင်းနိုင်ဖွယ်ရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြား သည်။
မုတ်သုံလေအား အလွန်ကောင်းနေသည့်အတွက် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုအားပိုနေပြီး ဒေသအလိုက် မိုးကြီးနေခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
မြန်မာနိုင်ငံ တောင်ပိုင်းဒေသများနှင့် မြောက်ပိုင်းဒေသများတွင် နောက်သုံးရက်အတွင်း မိုးဆက်လက် ထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
05-Apr-2018 tagged as မိုးလေဝသ
အနောက်ဘက်မှလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် ဧပြီလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
19-Mar-2018 tagged as မိုးလေဝသ
နွေကာလ မြန်မာနိုင်ငံတစ်ဝန်း နေ့အပူချိန်များ မြင့်တက်လျက်ရှိရာ၌ နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
10-Mar-2018 tagged as မိုးလေဝသ
လေထု မတည်ငြိမ်မှုများကြောင့် မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်လာနိုင်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသများ အပါအဝင် ဒေသအချို့တွင် မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
01-Mar-2018 tagged as မိုးလေဝသ
နွေကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း ဒေသအလိုက် နေ့အပူချိန်များ မြင့်တက်ခြင်းကြောင့် မိုးတိမ်တောင်များ အဖြစ်များပြီး မိုးထစ်ချုန်းရွာခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းစသည့် အန္တရာယ်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
25-Feb-2018 tagged as မိုးလေဝသ
နွေဦးကာလ လေထုမတည်မငြိမ်မှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ဒေသအချို့တွင် နောက်သုံးရက်အတွင်း မိုးရွာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။