News

POST TAGGED AS

မိုးကုတ်

အဖေက သားဖြစ်သူကို သံတူရွင်းဖြင့် ရိုက်သတ်
ပုသိမ်၊ မေ၂၀

ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ဂွေးကုန်းကျေးရွာတွင် မေလ ၁၉ ရက် မွန်းလွဲပိုင်းက တစ်နှစ်ဆယ်လအရွယ်ရှိ သားကို ဖခင်က သံတူရွင်းဖြင့် ရိုက်သတ်ခဲ့ကြောင်း မြန်အောင် မြို့မရဲစခန်းထံမှ သိရသည်။

အသက် ၃၀ အရွယ်အမျိုးသားမှာ အရက်ဖြတ်နေသူဖြစ်ပြီး လင်မယားကွဲနေသဖြင့် သားဖြစ်သူ မောင်ကျော်ဇင်ဝင်း (၁နှစ် ၁၀ လ) မှာ ဖခင်နှင့် မိခင်ထံ တစ်လှည့်စီနေထိုင်နေရကြောင်း၊ ဖခင်က အရက်ကြောင်ကာ သားဖြစ်သူကို သံတူရွင်းဖြင့် ရိုက်ရာမှ ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း အမှုကိုစစ်ဆေးနေသည့် မြန်အောင်မြို့မ ရဲစခန်းမှူး ဒုရဲမှူးကျော်ညွန့်က The Voice သို့ ပြောသည်။ 

အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ ယင်းအမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း မြန်အောင်မြို့မ ရဲစခန်းထံမှ သိရသည်။  

R-12



FOLLOW US