News

POST TAGGED AS

မုန်တိုင်း

09-Dec-2016 tagged as မုန်တိုင်း
ဆိုင်ကလုန်းမုန်တိုင်း ဗာဒတ်ရှ် (VARDAH) ၏ အရှိန်ကြောင့် လာမည့်သီတင်းပတ်အတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအချို့တွင် မိုးရွာပြီး ကမ်းရိုးတန်း ဒေသများတွင် လှိုင်းကြီးမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗဒေညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်
05-Dec-2016 tagged as မုန်တိုင်း
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်း အရှိန်ကြောင့် ဒေသအချို့တွင် ယခု သီတင်းပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
25-Oct-2016 tagged as မုန်တိုင်း
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသည့် မုန်တိုင်းငယ်သည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိတော့သည့်အတွက် အဝါရောင်အဆင့် သတ်မှတ်လိုက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယနေ့ နံနက် ၇ နာရီတွင် သတင်းထုတ်ပြန်သည်။
24-Oct-2016 tagged as မုန်တိုင်း
ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသည့် မုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ရောက်ရှိနိုင်ပြီး ယင်းအရှိန်ကြောင့် ရန်ကုန် အပါအဝင် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသည့် အားကောင်းသည့် မုန်တိုင်းငယ်၏ လက်ရှိအခြေအနေကို လိမ္မော်ရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်
23-Oct-2016 tagged as မုန်တိုင်း
ယနေ့ (အောက်တိုဘာ ၂၃ ရက်) မြန်မာစံတော်ချိန် ည ၆ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိဘဲ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက်-အနောက်မြောက်ဘက် ၈၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ၈၅ မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်၊ ဂွမြို့၏ တောင်-အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် ၂၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
23-Oct-2016 tagged as မုန်တိုင်း
ဧရာဝတီတိုင်းဒေသကြီးကို မုန်တိုင်း အဖျားခတ်မည်ဖြစ်သည့်အတွက် ပုသိမ်ခရိုင်၊ ဖျာပုံခရိုင်နှင့် လပွတ္တာခရိုင် အတွင်းရှိ စာသင်ကျောင်းများ အားလုံးကို အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်အထိ နှစ်ရက်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း တိုင်းပညာရေးရုံးထံမှ သိရသည်။
22-Oct-2016 tagged as မုန်တိုင်း
“မြန်မာနိုင်ငံအနေနဲ့ ဂရုပြုဖို့လိုပါတယ်။ အထူးသဖြင့် ရခိုင်နဲ့ ဧရာဝတီတို့မှာ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိပါ”
07-Oct-2016 tagged as မုန်တိုင်း
ကြာသာပတေးနေ့က ဘဟားမားစ်ကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီးတဲ့နောက် အမေရိကကို ဦးတည်နေတဲ့ မတ်သရူး မုန်တိုင်းကြောင့် သေဆုံးခဲ့သူ အရေအတွက်ဟာ ၂၆၉ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။
ထိုင်ဝမ်ကျွန်းသို့ ၀င်ရောက် တိုက်ခတ်နေသည့် တိုင်ဖွန်းမုန်တိုင်း MEGI ၏ အကြွင်းအကျန် တိမ်တိုက်များ ရွေ့လျားလာနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများနှင့် ဒေသအချို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်