News

POST TAGGED AS

မုဒိမ်း

14-May-2017 tagged as မုဒိမ်း
ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်သည့်အမျိုးသားကို အမှုဖွင့်ဖမ်းဆီးထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
12-May-2017 tagged as မုဒိမ်း
ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့ရှိ ရွှေပင်ရပ်ကွက်တွင်အသက် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူကို ပထွေးက အကြိမ်ကြိမ် အဓမ္မပြုကျင့်သဖြင့် မေလ ၁၀ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
05-May-2017 tagged as မုဒိမ်း
အသက် ၄ နှစ် ၈ လအရွယ် ကလေးငယ်အား လိင်တူချင်း အဓမ္မပြုကျင့်သူ အမျိုးသားကို မေလ ၂ ရက်နေ့က ဖမ်းဆီးအရေးယူထားကြောင်း ဒလမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
25-Apr-2017 tagged as မုဒိမ်း
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၂၆) ရပ်ကွက်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်အဓမ္မ ပြုကျင့်ခဲ့သည့် အသက် ၆၀ အရွယ် အမျိုးသားကို အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။
24-Apr-2017 tagged as မုဒိမ်း
လှည်းကူးမြို့နယ်၊ ဝါးရုံစွန်းကျေးရွာ အုပ်စုရှိ ရွာတစ်ရွာ တရားပွဲမှ ပြန်လာသည့် အသက် ၃၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို အသက် ၂၄ နှစ် အရွယ်ရှိ အမျိုးသားက ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
23-Apr-2017 tagged as မုဒိမ်း
ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရေပေါ်ဈေး၊ မြို့တော်ခန်းမ မေတ္တာဦး သင်္ဘောဆိပ်နှင့် ရှုခင်းသာရင်ပြင် တစ်ဝိုက်ရှိ ဈေးဆိုင်များ၊ ခရီးသွားများထံတွင် ညအခါ တောင်းရမ်းစားသောက်နေသူများ အုပ်စုမှ အသက် ၁၁ နှစ် အရွယ်ရှိ မိန်းကလေးတစ်ဦးမှာ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ပုသိမ်မြို့မ ရဲစခန်းမှ သိရှိရသည်။
13-Feb-2017 tagged as မုဒိမ်း
ပြင်ဦးလွင်မြို့နယ် သုံးထောင်ကျေးရွာရှိ BURSTT မှန်ဘီလူးစက်ရုံ ပလတ်စတစ်ဌာန တာဝန်ခံ တရုတ်နိုင်ငံသားတစ်ဦးက ယင်းဌာနမှ အလုပ်သမားခေါင်းဆောင် အမျိုးသမီးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၂ နာရီ (ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၂ နာရီ) ခန့်က မုဒိမ်းကျင့်ခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
29-Dec-2016 tagged as မုဒိမ်း
မန္တလေး တိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်ရှိ ရက်ကန်းရုံ တစ်ခုတွင် အသက် ၁၁ နှစ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှုနှင့် ပတ်သက်၍ မိတ္ထီလာ ခရိုင်တရားရုံးတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က အသက် ၃၂ နှစ်အရွယ်ရှိ ရက်ကန်းလုပ်သား စောလွင်မိုးကို သက်ငယ်မုဒိမ်း ကျူးလွန်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ကြောင်း အဆိုပါ တရားရုံးထံမှ စုံစမ်းသိရှိသည်။
25-Dec-2016 tagged as မုဒိမ်း
ဇင်ဘာဘွေနိုင်ငံ၏ စာမတတ် ပေမတတ် လူဦးရေများသည့် တောအရပ်တွင် အလွန်ဆိုးဝါး ယုတ်ညံ့လှသော မှားယွင်းယုံကြည်မှုတစ်ခု ရှိနေသည်။ HIV/AIDS ဖြစ်နေသော အမျိုးသားတစ်ဦးသည် အပျိုစင် စစ်စစ်ကို မုဒိမ်းကျင့် လိင်ဆက်ဆံလိုက်ပါက ရောဂါဝေဒနာ ပျောက်ကင်းသည်ဟူသော အယူဖြစ်သည်။ ရိုးရာပယောဂ ဆရာများကလည်း ထိုနည်းလမ်းကို အားပေးအားမြှောက်နေကြသည်။ သို့နှင့် ရာပေါင်းများစွာသော မိန်းကလေးငယ်များ မုဒိမ်းကျင့်ခံရသည်ဟု UNICEF က ထုတ်ပြန်ထားသည်။ တချို့ဆို လမ်းပင် မလျှောက်တတ်သေးသော ကလေးများ ပါဝင်သည်။
28-Nov-2016 tagged as မုဒိမ်း
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) သည် အင်္ဂလိပ် ဘောလုံးလောကအတွင်း သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကို တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်လိုက်ပြီ ဖြစ်ကာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာတွင် ၎င်းတို့နှင့်အတူ ရဲဌာန လေးခုက ပူးပေါင်း ဆောင်ရွက်ပေးသွားလိမ့်မည် ဖြစ်ကြောင်း အက်ဖ်အေက ထုတ်ပြန်ကြေညာထားသည်ဟု BBC က ဖော်ပြထားသည်။