News

POST TAGGED AS

မုဒိမ်း

ပြည်တွင်းစက်ရုံ ၄၀၀ ခန့်မှ ဝန်ထမ်းများသည် မုဒိမ်းမှုကျူးလွန်သူများကို သေဒဏ်ပေးရေးအတွက် ထောက်ခံကြောင်း လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း မုဒိမ်းမှု သေဒဏ်ပေးရေး လက်မှတ်ကောက်ခံသည့် Four Women's Voice (အမျိုးသမီးလေးယောက်ရဲ့အသံအဖွဲ့) မှ အဖွဲ့ဝင် မလီလီနိုင်ကျော်က ပြောကြားသည်။
မိတ္ထီလာမြို့ ရတနာမာရ်အောင် ရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး မတ်လ ၁၉ ရက်နေ့က မုဒိမ်းကျင့်ခံခဲ့ရကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ကြီးက ပြောကြားသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်း မုဒိမ်းကျင့်အသတ်ခံရမှုမှ တင်ပြထားသည့် တရားလိုပြသက်သေ ၃၅ ဦးအနက် ကိုးဦးကို သက်သေစာရင်းမှ ပယ်ခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးထံမှသိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုဦးစီးမှူး မရွှေရည်ဝင်းကို လူသတ်၊ မုဒိမ်းကျင့်၊ ပစ္စည်းလုယူမှုဖြင့် ဖမ်းဆီးထားသော အငှားယာဉ်မောင်း မျိုးဇော်ဦး၏အမှုကို မတ်လ ၁၂ ရက်နေ့ က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး သေဆုံးသူအမျိုးသမီး၏ မိဘနှစ်ပါးအပါအဝင် တရားလိုပြသက်သေငါးဦးကို စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ချောင်ချီအွန်းပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဟီဂျွန်းသည် ၎င်း၏ အတွင်းရေးမှူး အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစော်ကားမှု များကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များထွက်ပေါ်လာပြီးနောက် ရာထူးမှနုတ်ထွက်သွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ဒုဦးစီးမှူး မရွှေရည်ဝင်းကို လူသတ်၊ မုဒိမ်းကျင့်၊ ပစ္စည်းများလုယူမှုဖြင့် ဖမ်းဆီးထားသော အငှားယာဉ်မောင်း မျိုးဇော်ဦး၏အမှုကို မတ်လ ၅ ရက်နေ့က အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုအပါအဝင် ရဲအရာရှိလေးဦးကို စတင်စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုဦးစီးမှူး အသက် ၂၅ နှစ် မရွှေရည်ဝင်းကို လူသတ်၊ မုဒိမ်းကျင့်၊ ပစ္စည်းများလုယူမှုဖြင့် ဖမ်းဆီးထားသော အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုနားအမှုကို မတ်လ ၅ ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရှိရသည်။
ဗိုလ်တထောင်မြို့နယ်ရှိ ဆောက်လက်စ ရှစ်ထပ်တိုက် ပထမထပ်တိုက်ခန်းတစ်ခန်းတွင် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးထံမှ ရွှေထည်နှင့်ငွေများ ခြောက်လှန့်တောင်းယူပြီး ကြိုးတုပ်ချည်နှောင်ကာ မုဒိမ်းမှုကျူးလွန်ခဲ့သည့် အမျိုးသားကို ဖမ်းဆီးစစ်ဆေးရာမှ အခြားလုယက်မှုနှင့်ခိုးမှုများ ကျူးလွန်ထားကြောင်း ပေါ်ပေါက်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ၄၂ လမ်းရှိ ဆောက်လက်စ တိုက်ခန်းတစ်ခု ပထမထပ်တွင် ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ထောင်ကထွက်လာသည်ဟု ခြိမ်းခြောက်ကာ ငွေနှင့်ရွှေများကို လုယက်ယူဆောင်ပြီး သားမယားပြုကျင့်ခဲ့သူ အမျိုးသားကို ဖမ်းမိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
လူစည်ကားရာ လှည်းတန်းလမ်းဆုံမှ အငှားယာဉ်တစ်စီးပေါ် လိုက်ပါလာသည့် FDA မှ ဝန်ထမ်းအမျိုးသမီးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ပစ္စည်းများလုယူမှုဖြင့် ဖမ်းဆီးထားသည့် ယာဉ်မောင်းအမျိုးသားကို ဖေဖော်ဝါရီလ ၈ ရက် နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်ခဲ့သည်။