POST TAGGED AS

မုဒိမ်း

ဆန္ဒမပါပဲ လိင်ပြုကျင့်မှုသည် အတင်းအကျပ် ခြိမ်းခြောက်မှုမပြုသည့်တိုင်အောင် မုဒိမ်းမှုမြောက်သည်ဟု ဖော်ပြထားသော ဥပဒေကို ဆွီဒင်လွှတ်တော်က အတည်ပြုလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူးဖြစ်သူ မရွှေရည်ဝင်းကို လူသတ်မုဒိမ်းကျင့်မှုဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခံထားရသည့် အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို မေလ ၁၄ ရက်နေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ရာ ၎င်းက လုယက်သတ်ဖြတ် အဓမ္မပြုကျင့်မှုများ မပြုလုပ်ခဲ့ကြောင်း တရားခွင်တွင် ထွက်ဆိုသည်။
အိန္ဒိယနိုင်ငံတွင် တစ်ပတ်အတွင်း တတိယမြောက် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မုဒိမ်းကျင့်ခံရကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ရာ ယခုနောက်ဆုံး မုဒိမ်းကျင့်လူသတ်မှုသည် တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
မော်ဒယ်လ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် နှိပ်စက်မှုဖြင့် ဖမ်းဆီးခံရသည့် အဆိုတော် အစ္စဏီကို မေလ ၁၀ ရက်နေ့က တာမွေမြို့နယ် တရားရုံးတွင် မုဒိမ်းမှု ပုဒ်မ ၃၇၆ အပါအဝင် ပုဒ်မ သုံးခုဖြင့် စတင်တရားစွဲဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
၁၆ နှစ်သမီးတစ်ဦး အိန္ဒိယတွင် မုဒိမ်းကျင့်ခံရသဖြင့် မိဘများကကျေးရွာ လူကြီးကို သွားတိုင်သဖြင့် အဆိုပါမိန်းကလေးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
စားပွဲထိုးဝန်ထမ်း လူငယ်တစ်ဦးကို ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမစပ်ယှက်မှုဖြင့် တရားရင်ဆိုင်နေရသော မယ့်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးထွဋ်၏ ကျန်းမာရေးအရ အာမခံလျှောက်ထားမှုကို မေ ၂ ရက် ရုံးချိန်းတွင် ပယ်ချခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ်တရားသူကြီးက သတင်းထောက်များကို ပြောကြားသည်။
သန်းပေါင်းများစွာသော နောက်လိုက်နောက်ပါ ယုံကြည်သူများရှိပြီး ကမ္ဘာအနှံ့ ကြည်ညိုကြသော အိန္ဒိယဂုရုကြီးကို မုဒိမ်းမှုဖြင့် ပြစ်မှုထင်ရှားကြောင်း အိန္ဒိယတရားရုံးက ဆုံးဖြတ်လိုက်သည်ဟု BBC သတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။
FDA ဝန်ထမ်းအမျိုးသမီး သတ်ဖြတ်မုဒိမ်းကျင့်ခံရမှုမှ ဖမ်းဆီးထားသော အငှားယာဉ်မောင်း အမျိုးသားကို တရားစွဲဆိုထားသည့် ပုဒ်မများဖြင့် စွဲချက်တင် စစ်ဆေးသင့်မသင့်ကို လာမည့် ရုံးချိန်းတွင် တရားသူကြီးက အမိန့်ချမှတ်မည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
FDA ဝန်ထမ်းအမျိုးသမီး မုဒိမ်းကျင့် အသတ်ခံရမှုနှင့်ပတ်သက်၍ ဧပြီလ ၂ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ခုနစ်ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလိုပြသက်သေတွင် ပါဝင်သည့် မှုခင်းဆရာဝန်က သေဆုံးသူ၏ ခန္ဓာကိုယ်အတွင်း၌ အမျိုးသားသုက်ပိုးကို မတွေ့ရှိခဲ့ကြောင်း ရုံးတော်ရှေ့တွင် ထွက်ဆိုခဲ့သည်။
ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်တစ်ခုတွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသည့် အသက် ၁၇ နှစ်အရွယ်မိန်းကလေးကို အိမ်ရှင်၏သားက မုဒိမ်းကျင့်ခဲ့ခြင်းနှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားထားသည်မှာ တစ်ပတ်ကြာပြီဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းမမိသေးကြောင်း ပုသိမ်ကြီးမြို့မရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမင်းသိန်းက ပြောကြားသည်။