News

POST TAGGED AS

မီးရှို့

ဟိုတယ်တွင် တည်းခိုသူ မီးရှို့ ၍ မီးလောင်


ကျိုင်းတုံ၊ ဧပြီ ၂၆

တာချီလိတ်မြို့ ပါဆပ်ရပ်ကွက်ရှိ ကျင်းလုံဟိုတယ်တွင် ဧပြီလ ၂၅ ရက်နေ့ ည ၇ နာရီခန့်က တည်းခိုသူအမျိုးသားတစ်ဦးက မီးရှို့ ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

“အခန်းအမှတ် ၈၃၁၄ မှာ တည်းနေတဲ့ ကောင်လေးက တဘက်ကို ခေါင်းလိမ်းဆီ စပရေးနဲ့ဖျန်းပြီး မွေ့ယာပေါ်ကိုမီးရှို့ပြီး ဟိုတယ်တတိယထပ်ကို တက်ပြေးတယ်။ အပေါ်ထပ်ကနေ အောက်ကိုခုန်ချလို့ လေမွေ့ယာနဲ့ ကယ်ဆယ်ခဲ့ရတယ်”ဟု ကျိုင်းတုံမြို့ တွဲဖက်ပြည်နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ကြောင့် ဟိုတယ်အခန်းအမှတ် ၈၃၁၄ အတွင်းရှိ ခုတင်၊ မွေ့ယာ၊ ဗီရိုနှင့် ထိုင်ခုံတို့ မီးလောင်ခဲ့၍ မီးရှို့ ဖျက်ဆီးသူ အသက် ၂၄ နှစ်အရွယ် စိုင်းဆိုင်လာကို (ပ) ၁၂၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US