News

POST TAGGED AS

မီးလောင်မှု

လွန်ခဲ့သည့် နှစ်ရက်ကျော်က ရှန်ဟိုင်းမြို့အရှေ့ဘက် တရုတ်ပင်လယ်ပြင်တွင် သင်္ဘောနှစ်စီး တိုက်မိမှုဖြစ်ပွားပြီးနောက် နာရီပေါင်း ၆၀ ခန့်အထိ လောင်စာဆီတင်သင်္ဘောမှာ မီးများ ဆက်လက်လောင်ကျွမ်းလျက် ရှိသလို လောင်စာများလည်း ပင်လယ်ပြင်ထဲသို့ ဖိတ်ကျလျက်ပင်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မန္တလေးခရိုင်အတွင်း၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မီးလောင်မှုကြောင့် ကျပ် ၁၈၇၉ သိန်းကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
03-Jan-2018 tagged as မီးလောင်မှု
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ကြီးပွားရေးရပ်ကွက်၊ မြယမုံအိမ်ရာ၊ မြယမုံလမ်းသွယ် (၂) ရှိ နှစ်ထပ်တိုက် အပေါ်ထပ်တွင် ဇန်နဝါရီလ ၂ ရက် နံနက် ၃ နာရီခန့်က လျှပ်စစ်မီးပလပ်ခုံ၌ မိုဘိုင်းလ်ဖုန်းနှင့်တက်ဘလက်များ စုပုံအားသွင်းထားရာက အပူလွန်ကဲပြီး စတင်မီးလောင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ကလေးငယ် လေးဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့သော ဘရွန့်ဇ်မီးလောင်မှုသည် ကလေးငယ်တစ်ဦး မီးဖိုနှင့်ကစားရာမှ ဖြစ်ပွားခဲ့သည်ဟု နယူးယောက် စုံစမ်းစစ်ဆေးရေးဌာန အရာရှိများက ယုံကြည်ကြကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ရန်ကုန် - မန္တလေး အမြန်လမ်းတွင် ဟိုက်အေ့စ် (အံစာတုံး) ယာဉ်တစ်စီး မီးလောင်ရာမှ ယာဉ်ပေါ်ပါ ရှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ တရားစွဲဆိုထားသူ အမျိုးသားကို စွဲဆိုထားသည့် ပုဒ်မ ၃၀၄-က ဖြင့် စွဲချက်တင်သင့် မတင်သင့်ကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း လှည်းကူးမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
26-Dec-2017 tagged as မီးလောင်မှု
မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် အမှတ် (၄) ရပ်ကွက် မြစ်ငယ်လမ်းရှိ နေအိမ်တစ်လုံးတွင် ဒီဇင်ဘာလ ၂၅ ရက် နံနက် ၄ နာရီခွဲခန့်က ဖယောင်းတိုင်မီး ပူဇော်ရာက စတင်မီးလောင်ခဲ့ပြီး အသက် ၈၃ နှစ်အရွယ် အဘွားအိုကို ဝေဘာဂီ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ပန်းတောင်းမြို့နယ် စွယ်တော်ကျေးရွာအတွင်း ယနေ့ နံနက် ဆယ်နာရီခန့်က မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံးနှင့် စပါးကျီသုံးလုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင် မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာတွင် ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) ညပိုင်းက နတ်သံကွင်း ပျံကျဈေးရှိ ဆိုင်ခန်း ၁၆၀ ခန့် မီးလောင်ဆုံးရှုံးမှုကို ရှို့မီးဟု ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။
ထိုင်းနိုင်ငံရှိ မဲဆောက်-ဘန်ကောက် သွားရာလမ်းတွင် ကုန်တင်ကား တစ်စီးနှင့်တိုက်မိ၍ သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ၁၃ ဦးထဲမှ သေဆုံးသူအချို့၏ မိသားစုများနှင့် အဆက်အသွယ် ရရှိပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်မိုးခိုင်က ပြောကြားသည်။
ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ မြို့ဟောင်း ရထားခေါင်းပြင်စက်ရုံ၌ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် အစောပိုင်း (ညသန်းခေါင်ယံ) အချိန်က မြစ်ငယ်ရထားတွဲစက်ပြင် စက်ရုံသို့ပို့ရမည့် ရထားတွဲများ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။