News

POST TAGGED AS

မီးလောင်မှု

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် သံဘိုကျေးရွာအုပ်စု ခပေါင်းစမ်းကျေးရွာတွင် မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်တွင် မီးလောင်မှုကြောင့် နေအိမ်နှစ်လုံး ဆုံးရှုံးခဲ့သည်ဟု ဂွေးချိုကျေးရွာ မီးသတ်စခန်းမှ သိရှိရသည်။
အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ် သရက်ကုန်းရပ်ကွက်တွင် မတ်လ ၇ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်က လောင်ကျွမ်းခဲ့သောမီးကြောင့် အိမ် ၁၂ လုံး ဆုံးရှုံးခဲ့ရပြီး မီးဘေးသင့် ၅၂ ဦးအတွက် ရပ်ကွက်ဓမ္မာရုံတွင် ဒုက္ခသည်စခန်း ဖွင့်ပေးထားရသည်။
ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်​၊ နတ္တလင်းမြို့နယ်​ တာပွန်​မြို့တွင် မတ်လ ၃ ရက်နေ့ ညပိုင်းက မီး​လောင်​ခဲ့ရာ နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း နတ္တလင်းမြို့နယ်​ မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်​။
မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာတွင် မတ်လ ၃ ရက်နေ့ ည ၈ နာရီခွဲမှ ၂ နာရီခွဲအထိ ငါးနာရီကြာလောင်ကျွမ်းသည့် မီးလောင်မှုကြောင့် အိမ် ၁၅၄ လုံးပျက်စီးပြီး လူ ၉၀၀ နီးပါးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် အုတ်ကျင်းကျေးရွာရှိ စန်းမြိုင်ကျောင်းတိုက်တွင် မတ်လ ၁ ရက်နေ့ညနေ ၃ နာခွဲခန့်က လျှပ်စစ်ဝါယာရှော့ဖြစ်ပွားရာမှ အနှစ် ၆၀ ကျော် သက်တမ်းရှိသော ဘုန်းကြီးကျောင်း မီးလောင်ပျက်ဆီး ဆုံးရှူံးခဲ့သည်ဟု ဖြူးမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
မကွေးတိုင်း မြို့သစ်မြို့နယ် ဆူးတပ်ကြီးအုပ်စုကျေးရွာတွင် ဖေဖော်ဝါရီလ ၂၆ ရက် ညနေပိုင်းက အမျိုးသမီးငယ်တစ်ဦး ဟင်းချက်စားရာမှ မီးလောင်ခဲ့ရာ အိမ် ၂၇ လုံးပျက်စီးပြီး လူ ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကြောင်း မကွေးတိုင်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလေမြို့၌ ဝပ်ရှော့ခ်တွင်ပြုပြင်ရန် အပ်နှံထားသည့် တပ်မတော်ပိုင် မော်တော်ယာဉ်တစ်စီး ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းက မီးလောင်ခဲ့မှုကြောင့် ဝပ်ရှော့ခ်ပိုင်ရှင်ကို အမှုဖွင့်ထားကြောင်း တာလေနယ်မြေ ရဲစခန်းထံမှ သိရသည်။
တိဘက်ဒေသ လာဆာရှိ ဂျိုခန်းရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့၊ ရွာဘဲနယ်မြေ၊ မင်းကံပိုင်ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်က ရေခဲသေတ္တာတွင် အသုံးပြုသော Safegurd အပူလွန်ကဲရာမှ နေအိမ်မီးလောင်ခဲ့ကြောင်း ပြည်ခရိုင်၊ မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
နန်းဖာလုံဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၉၈၂ ခန်း ရှိသည့်အနက် ဈေးဆိုင်ခန်း ၅၃ ခန်းသာ မီးလောင်ကျွမ်းဆုံးရှုံးခဲ့ခြင်းသည် မီးသတ်ကားများမှာ အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး မီးငြှိမ်းသတ်ရာတွင် တမူးမြို့ပေါ်ရှိ မီးသတ်ကား ၁၂ စီး အပါအဝင် အိန္ဒိယနိုင်ငံ မိုရေးမြို့ရှိ အိန္ဒိယ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား နှစ်စီးတို့ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီ ရောက်သည့်အချိန်တွင် လောင်ကျွမ်းထားပြီးသည့်နေရာအချို့တွင် မီးတောက်များ ဆက်လက် ရှိနေခြင်းကြောင့် ဆက်လက် မီးငြှိမ်းသတ်နေရကြောင်း