News

POST TAGGED AS

မီးလောင်မှု

မြန်မာနိုင်ငံတွင် ရက်အရှည်ဆုံး မီးလောင်မှုဖြစ်သည့် ထိန်ပင်အမှိုက်ပုံ လောင်ကျွမ်းမှု၌ တာဝန်အပြည့်အဝယူ၍ ငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များ ကို မေလ ၅ ရက် မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပထမ ဆုံးဂုဏ်ပြုချီးမြှင့်မည်ဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့၊ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ကရင်ပြည်နယ် မြဝတီမြို့အမှတ် ၄ ရပ်ကွက် မြေနီကုန်းဇရစ်ချောင်းအနီးရှိ မြဝတီတစ်မြို့လုံး စွန့်ပစ်နေသည့်အမှိုက်ပုံ ဧပြီ ၂၈ ရက် ည ၆ နာရီခွဲခန့်က မီးလောင်ခဲ့ကြောင်း မြဝတီမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
Omni Focus ကုမ္ပဏီက လှိုင်သာယာမြို့နယ်ထိန်ပင်အမှိုက်ပုံမီး လောင်မှုတွင်မီးငြှိမ်းသတ်လျက်ရှိသော မီးသတ်ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများ အေးချမ်းစွာ အနားယူနိုင်ရန် အဲကွန်းဘတ်စ်ကား ကိုးစီးကို ဧပြီလ ၂၇ ရက်က ကူညီထားကြောင်း အဆိုပါကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ နတ်ရေတွင်း ကျေးရွာတွင် ဧပြီ ၂၅ ရက်နေ့ ညပိုင်းက လင်မယားချင်းစကားများရန်ဖြစ်ရာမှ ယောကျာ်းဖြစ်သူက နေအိမ်ကိုမီးနှင့်ရှို့ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ညောင်ခြေထောက်နယ်မြေရဲစခန်းထံမှ သိရသည်။
ထိန်ပင်အမှိုက်ပုံညှော်နံ့များကို အဓိကရှူရှိုက်ခံစားနေရသော အနီးဆုံးနေရာသုံးခုရှိ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်၊ ကလေးငယ်များနှင့် ရောဂါအခံရှိသူများကို စာရင်းကောက်၍ အနံ့အသက်လွတ်သည့် ၆ ရပ်ကွက်၊ အ.လ.က (၁) ကျောင်းသို့ ယနေ့၌ စတင်ပြောင်းရွှေ့ပေးရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
“လေကြောင်းသင့်တဲ့ နေရာတွေကနေ အနီးစပ်ဆုံး စာသင်ကျောင်းတစ်ကျောင်းကို ပြောင်းဖို့ စီစဉ်ထားပါတယ်”
တာချီလိတ်မြို့ ပါဆပ်ရပ်ကွက်ရှိ ကျင်းလုံဟိုတယ်တွင် ဧပြီလ ၂၅ ရက်နေ့ ည ၇ နာရီခန့်က တည်းခိုသူအမျိုးသားတစ်ဦးက မီးရှို့ ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ချင်းပြည်နယ် ရိခေါဒါရ်မြို့ မီးလောင်မှုတွင် မီးလောင်သည့်ဒဏ်ရာဖြင့် ဆေးရုံတက်ဆေးကုသမှုခံယူနေရသည့် အမျိုးသမီးငယ်သည် သေဆုံးခဲ့ကြောင်း ဆွေမျိုးနီးစပ်တော်သူများထံမှ သိရသည်။
ရန်ကုန်မြို့၏ အကြီးဆုံးအမှိုက်ပုံဖြစ်သည့် လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီးရှိ အမှိုက်ပုံသည် ဧပြီလ ၂၁ ရက် နေ့လယ်ပိုင်းကတည်းက စတင်မီးလောင်နေခဲ့ပြီး ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းအထိလည်း မီးမငြိမ်းသေးကြောင်းနှင့် မီးလောင်မှုကြောင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သူအချို့ အသက်ရှူကျပ်၍ ဆေးရုံတက်ရောက် ကုသခံနေရကြောင်း မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ဆေးရုံတို့မှ စုံစမ်းသိရှိရသည်။
ဧပြီလ ၂၁ ရက်နေ့ကတည်းက စတင်လောင်ကျွမ်းနေသော လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်အနီး အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနက ကြိုးစားငြှိမ်းသတ်နေပြီး အနည်းဆုံး နောက် ၂ ရက်ခန့်အထိ ဆက်လက်ငြှိမ်းသတ်ရဖွယ်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွန်ကြားရေးမှူး ဦးဝင်းနိုင်က The Voice Daily သို့ အတည်ပြုပြောကြားသည်။