News

POST TAGGED AS

မီးလောင်မှု

ဆိပ်ကမ်းမြို့နယ်၊ မိသားစုရပ်ကွက်၊ ပန်းဆိုးတန်းခုံးကျော်တံတားအနီး ကွန်ကရစ်လမ်းပေါ်တွင် ဇွန်လ ၂ ရက် ည ၁၁ နာရီခွဲခန့်က ကွန်တိန်နာယာဉ်တစ်စီး မီးလောင်ခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာတွင် ဇွန်လ ၂ ရက်နေ့ညက ဈေးမီးလောင်မှုကြောင့် ဆိုင်ခန်း ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက်တွင် ယနေ့ (မေလ ၃၁ ရက်) နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ၌ အမျိုးသမီးသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကျုံးနှုံးထန်းက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မဲခေါင်မြစ်ရှိ ဘုရားလေးရေဆိပ်တွင် မေလ ၂၅ ရက် ည ၈ နာရီခန့်တွင် ဆီတင်ရေယာဉ်နှင့် ငါးဖမ်းစက်လှေတို့ မီးလောင်ခဲ့ကြောင်း တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
26-May-2018 tagged as မီးလောင်မှု
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာ အမှတ် (၂) နယ်မြေကမ်းနားလမ်း ဘုန်းကြီးကျောင်းဈေးရှိ ကုန်စုံဆိုင်တွင် မေလ ၂၄ ရက် ညပိုင်းကမီးလောင်ခဲ့ရာ နေအိမ်ဆိုင်ခန်း ၃၂ခန်း မီးလောင်ဆုံးရှုံးကြောင်း ဒေသခံများထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ မွေတွင်းကျေးရွာအုပ်စု ကျွန်းတောကျေးရွာတွင် ယနေ့ (မေလ ၁၇ ရက်) နံနက် ၅ နာရီခွဲခန့်က နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိသည့် ရှေးဟောင်းဘုန်းတော်ကြီးတစ်ကျောင်း မီးလောင်ခဲ့ကြောင်း မုန်းနယ်မြေရဲစခန်းထံမှ သိရသည်။
ထန်းတပင်မြို့နယ်၊ အေးမြို့ကျေးရွာ၊ အနောက်ပိုင်း တက္ကသိုလ်လမ်းမပေါ်တွင် မေလ ၁၃ ရက် နံနက် ၄ နာရီခွဲခန့်က ယာဉ်ခေါင်းခန်းအတွင်း ခြင်ဆေးခွေမီးထွန်းရာက မီးလောင်ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဖွဲ့ထံမှသိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက် လုပ်သားရွာတွင် မေလ ၅ ရက် ည ၁၀ နာရီခွဲခန့်က အိမ်မီးလောင်မှုကြောင့် ကလေးနှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်းက ပြောသည်။
“မီးဘေးရှောင် မလောင်ခင်တား” “လူခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံ” ဆိုသောစကားများ ရေပက်မဝင်အောင် ရှိသည်ကြားမှပင် မြန်မာနိုင်ငံတွင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မီးလောင်မှု ၃၆၀၀ ကျော် ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှု ကျပ်သန်းပေါင်း ၈ သောင်းကျော်အထိ ရှိသည်
ရန်ကုန်တိုင်းအတွင်း ဆယ်ရက်ကျော်ကြာ လောင်ကျွမ်းခဲ့သော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင် အမှိုက်ပုံမီးကို မေ ၂ ရက်တွင် အပြီးငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။