News

POST TAGGED AS

မီးလောင်မှု

07-May-2017 tagged as မီးလောင်မှု
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ‘ဝ’ အထူးဒေသ (၂) ဝမ်ဟုန်ရွာတွင် မေလ ၆ ရက် နံနက် ၉ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မိုင်းဆတ်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
04-May-2017 tagged as မီးလောင်မှု
မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်တွင် ယနေ့ (မေလ ၄ ရက်) နံနက် ၄ နာရီခန့်က နေအိမ်အတွင်း ထွင်းဖောက်ဝင်ရောက်၍ ပစ္စည်းခိုးယူနေစဉ် အိမ်ရှင်မိသဖြင့် အိမ်ကို မီးရှို့ထွက်ပြေးသွားကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း လျှပ်စစ်မီးဖြင့် ဟင်းနွှေးထားရာမှ ဝါယာလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဂန့်ဂေါမြို့မ ရဲစခန်းမှ သိရသည်။
20-Apr-2017 tagged as မီးလောင်မှု
အစ်မနှစ်ယောက်ဖြစ်သည့် ဂျီလ်မာနှင့် ဂရင်ဒီတို့သည် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်သာ ရှိကြသေးသည်။ နိုင်ငံတော်က ဖွင့်လှစ်ထားသော လူငယ်ထိန်းသိမ်းရေးစခန်းကို သူတို့အား မပို့ရန် အမျိုးမျိုး တောင်းပန်ကြသော်လည်း သူတို့ အပို့ခံလိုက်ကြရသည်။
16-Apr-2017 tagged as မီးလောင်မှု
နေပြည်တော်ကောင်စီနယ်မြေ၊ ပုပ္ပသီရိမြို့ နယ်၊ ရာဇဌာနီလမ်းမကြီးပေါ်တွင် ဧပြီလ ၁၅ ရက်၊ ည ၇ နာရီခန့်က မာဇဒါဂျစ် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်ရာမှ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ပတ္တာနယ်မြေ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာအုပ်စုရှိ ဖော့တောကျေးရွားအနီး လူတစ်ဦး တောမီးလောင်၍ သေဆုံးခဲ့ကြောင်း ၀ါးဖြူးတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက ပြောကြားသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်ရှိ ခြံဝန်းတစ်ခုအတွင်း ယနေ့ (ဧပြီလ ၁၀ ရက်) နံနက် ၁၁ နာရီက သံချောင်းများကို ကျောက်တိုက်စက်ဖြင့် ပွတ်တိုက်ရာမှ မီးပွားများ လွင့်စင်ကာ မီးလောင်ခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
04-Apr-2017 tagged as မီးလောင်မှု
မကွေးမြို့ မြင်သာရပ်ရှိ ကေတီဗီ တစ်ခုတွင် ဧပြီလ ၂ ရက်နေ့ ညက မီးလောင်မှုဖြစ်ပွားခဲ့ရာ တပ်မတော်သား၊ အစိုးရ ဝန်ထမ်းအချို့နှင့် ဘဏ်ဝန်ထမ်းတစ်ဦး အပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။
21-Mar-2017 tagged as မီးလောင်မှု
မုံရွာမြို့ ထန်းတောရပ်ကွက်ရှိ လူနေထိုင်ခြင်း မရှိသည့် နေအိမ်တစ်ခုတွင် သမီးရည်းစား ချိန်းတွေ့ပြီးနောက် ခြင်ဆေးခွေမီးကို ငြှိမ်းသတ်ခဲ့ခြင်း မရှိ၍ မတ်လ ၁၉ ရက်နေ့ညက နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနထံမှ သိရသည်။
19-Mar-2017 tagged as မီးလောင်မှု
လာအို-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းလပ်မြို့၊ နမ့်ဆီးရွာတွင် မတ်လ ၁၈ ရက် ညနေ ၅ နာရီခွဲခန့်က အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး မီးခွက်ဆော့ကစားရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကျိုင်းလပ်နယ်မြေ မီးသတ်စခန်းထံမှ သိရှိရသည်။